Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ ထုတ်ကုန်များ သယ်ယူရောင်းချခြင်းမပြုလုပ်ရန် KNDF ဒီးမော့ဆိုဇုန် သတိ​ပေး

သတ်မှတ်ထားသည့် ရက်မှစ၍ သယ်ယူ ရောင်းချမှုများ ပြုလုပ်ပါက ထိုက်သင့်သည့် ပြစ်ဒဏ် ပေးဆောင်ခံရမည်ဖြစ်ကြောင်း KNDF တပ်ရင်း (၁၀)က အသိပေးကြေညာခဲ့သည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်ရင်း(၁၀) ဒီးမောဆိုဇုန် ၏ လှုပ်ရှားနယ်မြေ အတွင်း ရှိ ဆိုင်ပိုင်ရှင်များနှင့် ပြည်သူလူထုများ အားလုံးအနေဖြင့် စစ်ကောင်စီ၏ ထုတ်ကုန်များကို ၂၀၂၂ ဇန်နဝါရီ ၁ရက်မှစ၍ သယ်ယူရောင်းချခြင်း လုံး၀မလုပ်ရန် KNDF တပ်ရင်း (၁၀)က သတိ​ပေးထုတ်ပြန်သည်။

စစ်ကောင်စီမှ ထုတ်လုပ်သည့် Mytel၊ Premium Gold ၊ Red Ruby၊ မြန်မာဘီယာ၊ အန်ဒမန်၊ ဒဂုံ၊ မန္တလေးတံဆိပ် ဘီယာများ၊ ဆင်မင်း၊ ကြံ့တံဆိပ် ဘိလပ်မြေ၊ Seven၊ Milky နို့ဆီ၊ ရွှေဖီဦးတီးမစ် အစရှိသည့် မည်သည့် ထုတ်ကုန် ပစ္စည်းများကို မဆို လယ်ဝယ် သိုလှောင်ရောင်းချခြင်း နှင့် သယ်ယူပို့ဆောင်ခြင်းများ လုံး၀ ခွင့်မပြုကြောင်း၊ အသိပေး ကြေညာချက်ကို ဒီဇင်ဘာ ၂၆ရက်မှ ၃၁ရက်အတွင်း သတ်မှတ်လိုက်ကြောင်း ဖော်ပြသည်။

သတ်မှတ်ထားသည့် ရက်မှစ၍ သယ်ယူ ရောင်းချမှုများ ပြုလုပ်ပါက ထိုက်သင့်သည့် ပြစ်ဒဏ် ပေးဆောင်ခံရမည်ဖြစ်ကြောင်း KNDF တပ်ရင်း (၁၀)က အသိပေးကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဒီဇင်ဘာ ၂၄ရက်က ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာ၌ ကလေး၊ အမျိုးသမီးများ အပါအဝင် အရပ်သား စစ်ဘေးရှောင်ပြည်သူ ၃၅ဦးကို စစ်ကောင်ီမှ လူမဆန်စွာ သတ်ဖြတ်ခဲ့မှု နှင့်ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထည့်သွင်းဖော်ပြခဲ့ပြီး အာဏာရှင်မှန်သမျှ ကျရှုံးရေးအတွက် လူထုနှင့်အတူ အစွမ်းကုန် တိုက်ပွဲဝင်ခုခံတိုက်ခိုက်သွားမည်ဟု KNDF တပ်ရင်း (၁၀)က ကတိသစ္စာပြုခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook