Connect with us

Hi, what are you looking for?

News

ကယားပြည်နယ် အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှု တာဝန်ရှိသူများကိုအရေးယူပေးရေးနှင့် စုံစမ်းဖော်ထုတ်ရေး အရေးပေါ်ဆောင်ရွက်ပေးရန် UNICEF တောင်းဆို

Save the Children မှ ဝန်ထမ်းနှစ်ဦးသည်လည်း အနီးနားရှိကျေးရွာများတွင် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများဆောင်ရွက်ပြီး လွိုင်ကော်ရုံးသို့ ပြန်လာစဉ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်ဟု ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများက ယနေ့ အတည်ပြုသည်။

ကယားပြည်နယ်တွင် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကိုအရေးယူပေးရေးနှင့် စုံစမ်းစစ်ဆေးဖော်ထုတ်ရေး အရေးပေါ်ဆောင်ရွက်ပေးရန် UNICEF (ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့)က တောင်းဆိုလိုက်သည်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ကလေးငယ် ၄ ဦးနှင့်လူသားချင်းစာနာမှုအကူအညီပေးသူ Save the Children မှ ဝန်ထမ်း ၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃၅ ဦးမီးရှို့သတ်ဖြတ်ခံရမှုအပေါ် တုန်လှုပ်ခြောက်ခြားဝမ်းနည်းရသည်ဟု UNICEFက ယနေ့ (ဒီဇင်ဘာ ၂၈ရက်) ထုတ်ပြန်သည်။

ထိုတိုက်ခိုက်မှုအတွင်း (၁၇)နှစ်အရွယ် လူငယ်နှစ်ဦး၊ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးနှင့် အသက်(၅) နှစ်မှ (၆) နှစ်ကြား ကလေးငယ်တစ်ဦးတို့ပါဝင် သေဆုံးခဲ့ရကြောင်းနှင့် အရပ်သားများ၊ ကလေးများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများအပေါ် တိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချကြောင်း UNICEF က ထုတ်ပြန်သည်။

Save the Children မှ ဝန်ထမ်းနှစ်ဦးသည်လည်း အနီးနားရှိကျေးရွာများတွင် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများဆောင်ရွက်ပြီး လွိုင်ကော်ရုံးသို့ ပြန်လာစဉ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်ဟု ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများက ယနေ့ အတည်ပြုသည်။

Public Service Announcement

Public Service Announcement

အရပ်သား၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများအရ ကလေးသူငယ်နှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးဝန်ထမ်းတွေကို ပဋိပက္ခများတွင် ဦးစားပေးအကာအကွယ်ပေးရမည်ဖြစ်သည်။

ထိုဥပဒေများကို မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေး ထိုးထားပြီးလည်းဖြစ်သည်ဟု UNICEF အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Debora Comini က ပြောသည်။

အသတ်ခံရသည့် ဝန်ထမ်းနှစ်ဦးသည် ကလေးသူငယ်များရဲ့ပညာရေးတိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးနေသူဖြစ်ပြီး လသားအရွယ် ကလေးငယ်များ၏ ဖခင်များလည်းဖြစ်ကြောင်း Save the Children က အသိပေးထားသည်။

တစ်ဦးမှာ အသက် (၃၂)နှစ်အရွယ်ရှိပြီး (၁၀)နှစ် အရွယ် ကလေးငယ်၏ ဖခင်ဖြစ်သလို နောက်ထပ် ဝန်ထမ်းတစ်ဦးမှာလည်း အသက်(၂၈) နှစ်ရှိပြီဖြစ်ကာ (၃)လအရွယ် ကလေးငယ်၏ ဖခင်ဖြစ်သည်ဟု အသိပေးထားသည်။

၎င်းတို့ နှစ်ဦးသည် Save the Children အဖွဲ့အစည်း၌ လုပ်ကိုင်နေသည်မှာ နှစ်ချီပြီဟုလည်း ဆိုသည်။

၎င်းတို့သည် အနီးအနားရှိ ရပ်ရွာများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး ရုံးကို ပြန်လာချိန်တွင် တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ကြုံခဲ့ရခြင်းဖြစ်ကြောင်း Save the Children က ထုတ်ပြန်သည်။

မြန်မာပြည်သူများသည် ဆိုးရွားလှသည့် အကြမ်းဖက်မှုတွင် ပစ်မှတ်ထားခံနေပြီး ၎င်းတို့ကို ချက်ချင်းတုံ့ပြန် ဆောင်ရွက်ရန်လိုသည်ဟု တိုက်တွန်းထားသည်။

ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကျူးလွန်သူများအား အရေးယူရန် အမြန်ဆုံးစီစဉ်ဆောင် ရွက်ရမည်ဖြစ်သည်ဟု Save the Childrenက တောင်းဆိုသည်။

အဖွဲ့ဝင်နိုင်ငံများက မြန်မာ့စစ်တပ်ကို လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ရန်နှင့် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားစေရန် တားဆီးဟန့်တား မှုများကို အထူးအလေးပေး လုပ်ဆောင်ရမည်ဖြစ်သည်ဟု ထပ်မံတိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ချွေးမဖြစ်သူ မျိုးရတနာထိုက်ကို နိုင်ငံတကာအစိုးရတွေအနေနဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ Justice For Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနားလမ်းကို ဖြတ်ပြီး ပြန်လာတဲ့ အရပ်သားပြည်သူ ၇ဦးကို ပျူစောထီးတွေ ပါဝင်တဲ့ စစ်အုပ်စုက လေးရက်ကြာ ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

သတင်း

အီယိုရီ/People’s Spring မြန်မာကလေးငယ်များနှင့် ၎င်းတို့၏ အနာဂတ်အား ကယ်တင်ပေးကြရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအေဂျင်စီများက စစ်ကောင်စီအား လေယာဥ်ဆီဖြတ်တောက်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုသည်။ ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ (UNICEF)၏ အမှုဆောင်ဘုတ်အဖွဲ့ ၂၀၂၅ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ကျင်းပလျက်ရှိရာ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် မြန်မာနိုင်ငံရှိ ကလေးငယ်များအပေါ် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ...

သတင်း

(၇၃)နှစ်မြောက်ကယားပြည်နယ်နေ့တက်ရောက်ရန် လွိုင်ကော်မြို့ရောက်နေသော စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကယားပြည်နယ်ခန်းမအတွင်း ပြုလုပ်သော ညစာစားပွဲနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အား ရှော့တိုက်ဒုံးခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။