Connect with us

Hi, what are you looking for?

News

နှမ်းခါးရွာကို စစ်ကောင်စီတပ် ထပ်မံဝင်စီးပြီး ပြည်သူ့အချို့ကို သတ်ဖြတ်နှိပ်စက်

စစ်ကောင်စီတပ်သည် နှမ်းခါးရွာသို့ အကြိမ်ကြိမ်ဝင်ရောက်ပြီး ကျေးရွာနေပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို တိုက်ခိုက်သတ်ဖြတ်ခြင်းတို့ကြောင်း ရွာသူ၊ရွာသားများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဓာတ်ပုံ - နှမ်းခါးလူငယ်အဖွဲ့

▪️ပစ္စည်းများ ဖျက်ဆီးခြင်း၊ ခိုးယူခြင်းပြုလုပ်

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ နှမ်းခါးရွာကို အာဏာသိမ်းစစ်ကောင်စီတပ် ထပ်မံဝင်ရောက်တပ်စွဲပြီး စကားမပြောတက်သည့် (၆၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးကို ရိုက်နှက်ကာ (၄၅)နှစ်အရွယ် ပြည်သူတစ်ဦးကို သတ်ဖြတ်သွားကြောင်း နှမ်းခါးလူငယ်အဖွဲ့က သတင်းထုတ်ပြန် သည်။

စစ်ကောင်စီတပ်က ၎င်းတို့ သတ်ဖြတ်ခဲ့သူ၏ အလောင်းကို စပါးတိုက်အတွင်း အလောင်းထည့်၍ အစဖျောက် မီးတိုက်သွားကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – နှမ်းခါးလူငယ်အဖွဲ့

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၉ရက်က နှမ်းခါးရွာ၌ ညအိပ်ဝင်ရောက် တပ်စွဲခဲ့ခြင်းဖြစ်​ကြောင်း၊ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်းနှင့် ကြက်၊ဝက်များသတ်ဖြတ် စားသောက်ခြင်းများ ပြုလုပ်သွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် နှမ်းခါးရွာသို့ အကြိမ်ကြိမ်ဝင်ရောက်ပြီး ကျေးရွာနေပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို တိုက်ခိုက်သတ်ဖြတ်ခြင်းတို့ကြောင်း ရွာသူ၊ရွာသားများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဓာတ်ပုံ – နှမ်းခါးလူငယ်အဖွဲ့

စစ်ကောင်စီတပ်သည် ဂန့်ဂေါ – ကလေးလမ်းပိုင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်း တိုက်ခိုက်နေ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။