Connect with us

Hi, what are you looking for?

News

ရေစကြို-ချောင်းဦးလမ်းပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ် သတိ​ပေး

“အဲလမ်းပိုင်းကို ဒေသခံအဖွဲ့တွေက ဖောက်ခွဲရေးတွေလည်းလုပ်ထားတယ်။ ခွေးလမ်း ကြောင်းသတင်းတွေလည်းရထားတဲ့အတွက်ပြည်သူတွေအထိအခိုက်မရှိအောင် သတင်းထုတ်ပြန်ပေးထားတဲ့သဘောပါ”ဟု YFPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရေစကြို-ချောင်းဦးလမ်းပိုင်းအား အရေးပေါ်အခြေအနေအရ ဖြတ်သန်းသွားလာခြင်းခွင့်မပြုကြောင်း YFPDF အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက အရေးပေါ်တားမြစ်ချက် ယနေ့(ဒီဇင်ဘာ ၃၀)ထုတ်ပြန်လိုက်သည်။

အဆိုပါအရေးပေါ်တားမြစ်ချက်တွင် ဖောကားများ လုံးဝဖြတ်သန်းခွင့်မပြုသည့်အပြင် အိမ်စီးကားများဖြင့်သွားလာမည်ဆိုပါက သတင်းပေးပို့ပြီး မှန်ချမောင်းနှင်ရန် YFPDF ၏ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ရေစကြို-ချောင်းဦးလမ်းပိုင်း အသုံးမပြုရန်တားမြစ်ချက်ကို နောက်တ​​စ်ကြိမ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ လိုက်နာကြရန် မေတ္တာရပ်ခံ​ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဲလမ်းပိုင်းကို ဒေသခံအဖွဲ့တွေက ဖောက်ခွဲရေးတွေလည်းလုပ်ထားတယ်။ ခွေးလမ်း ကြောင်းသတင်းတွေလည်းရထားတဲ့အတွက်ပြည်သူတွေအထိအခိုက်မရှိအောင် သတင်းထုတ်ပြန်ပေးထားတဲ့သဘောပါ”ဟု YFPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တားမြစ်ချက်အား မလိုက်နာဘဲ ဖြတ်သန်းသွားလာပါက သွားလာသူများ၏လုံခြုံရေးကို လုံးဝအာမ မခံကြောင်းလည်း YFPDF နှင့် ဒေသကာကွယ်ရေးတပ်များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။