Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၅နှစ်ချမှတ်

နိုင်ငံမတည်မငြိမ်ဖြစ်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်၊ ကိုဗစ်စည်းကမ်းချိုးဖောက်မှု သဘာဝဘေးပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တာပါ။

မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကို စစ်ကောင်စီစွဲဆိုထားတဲ့ ပုဒ်မ ၂ ခုအတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၅ နှစ်ချလိုက်တယ်လို့သိရပါတယ်။

နိုင်ငံမတည်မငြိမ်ဖြစ်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်၊ ကိုဗစ်စည်းကမ်းချိုးဖောက်မှု သဘာဝဘေးပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တာပါ။

လက်ရှိမှာ ကျန်းမာရေးကောင်းမွန်တယ်လို့သိရပြီး မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။