Connect with us

Hi, what are you looking for?

News

ချောင်းဦးတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ကိုးဦးသေဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်

ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်စာအရ စစ်ကောင်စီတပ်သားငါးဦးမှာ နေရာတွင် သေဆုံးပြီး လက်မောင်းရင်းမှ ပြတ်ထွက်သွားသည့် တစ်ဦးအပါအဝင် ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

(ချောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များကို‌ တွေ့ရစဥ်)

ချောင်းဦးမြို့နယ်အစပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၃၀ ရက်)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပွိုင့်ကားတစ်စီး နှင့် ကားကြီးတစ်စီးတို့ဖြင့် ချောင်းဦးမြို့နယ် ကျေးရွာများကို ဝင်ရောက်စီးနင်းရန် နံနက် ၇ နာရီခန့်တွင် ဝပ်ကျင်းများမှ ထွက်လာခဲ့သည်ဟု ဆိုသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းသည် ပုံမှန်လမ်းကြောင်းဖြစ်သည့် ချောင်းဦး-အမြင့်လမ်းကို အသုံးမပြုဘဲ မြို့တွင်း ကြားလမ်းများမှတစ်ဆင့် မြို့စပ်သို့ ရောက်ရှိလာသည်။

ထို့နောက် မြို့အစပ်တွင် ကားများပေါ်မှ ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခြေလျင် စစ်ကြောင်း ထိုးရန် ပြင်ဆင်စဥ် စောင့်ဆိုင်းနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မိုင်းဆွဲခြင်းကို ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်စာအရ စစ်ကောင်စီတပ်သားငါးဦးမှာ နေရာတွင် သေဆုံးပြီး လက်မောင်းရင်းမှ ပြတ်ထွက်သွားသည့် တစ်ဦးအပါအဝင် ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သေဆုံးထိခိုက်ခဲ့သည့် တပ်သားများကို ကားကြီးတစ်စီးပေါ် ပြန်လည်တင်ဆောင်ပြီး နောက်ချန်ကင်းအဖြစ် ခြေလျင်လိုက်ပါသူ စစ်သားခုနှစ်ဦးကို ထပ်မံမိုင်းဆွဲခဲ့ရာ လေးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦး PDFက ဆိုသည်။

ထို့အပြင် ချောင်းဦး-အမြင့်လမ်းနှင့် ရေစကြိုချောင်းဦး လမ်းပိုင်းများကို သွားလာခွင့် ခေတ္တ ပိတ်ထား ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook