Connect with us

Hi, what are you looking for?

News

မန္တလေးမြို့က လူမဲ့သပိတ်လာရောက်ရှင်းလင်းစဥ် ပေါက်ကွဲမှုဖြစ်၊ စစ်ကောင်စီတပ်သားနှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီဝင်များသည် လူမဲ့သပိတ်အား ဒိုင်းကာများကိုင်ဆောင်ပြီး ဒုတ်ဖြင့် ထိုး၍ ရှင်းလင်းစဥ် မိုင်းပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း N G U: FF – Mandalay က ထုတ်ပြန်သည်။

ဓာတ်ပုံ - Spring Diary

မန္တလေးမြို့တွင် နှစ်သစ်ကြိုဆိုသည့်အနေဖြင့် ပြုလုပ်သည့် လူမဲ့သပိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက လာရောက်ရှင်းလင်းရာ ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း N G U: FF – Mandalay ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ဓာတ်ပုံ – Spring Diary

မန္တလေးမြို့ (၃၈) အောင်ဆန်းစုကြည်လမ်းနှင့် (၇၄)လမ်းထောင့်၌ ပုလင်းများ၊ စက္ကူပုံးများထား၍ အဆိုပါ လူမဲ့သပိတ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလူမဲ့သပိတ် ပြုလုပ်ထားသည့် (၃၈)လမ်းနှင့် (၇၃)လမ်းမှ (၇၆)အထိ လမ်းများအား စစ်ကောင်စီတပ်က ကားများဖြင့် ပိတ်ဆို့၍ ဖယ်ရှားရှင်းလင်းရန် ကြိုးစားခဲ့သည်။

ဓာတ်ပုံ – Spring Diary

စစ်ကောင်စီဝင်များသည် လူမဲ့သပိတ်အား ဒိုင်းကာများကိုင်ဆောင်ပြီး ဒုတ်ဖြင့် ထိုး၍ ရှင်းလင်းစဥ် မိုင်းပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း N G U: FF – Mandalay က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယင်းလူမဲ့သပိတ်တွင် “ပြည်သူများ(လုံးဝ)မထိရ” စာတန်းပါ Danger Sign သတိပေး စာသားများအပြင် PDFအလံတော်၏ ဘေး၌ ” စခ ရခ ဘယ်ကောင်သေရဲလဲ” ဟူသော စာသားများကိုတွေ့ရသည်။ ထို့အပြင် ”ငါတို့ အမဲလိုက်မယ့် အလှည့်ရောက်ပြီ”၊ ”သွေးကြွေးမှာဆွေးနွေးစရာမရှိ”၊ ”ဘယ်တော့မှ သွေးမကွဲမယ့် NUG PDF &UG” အစရှိသော စာသားပါဆိုင်းဘုတ်ငယ်များကိုလည်း တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။