Connect with us

Hi, what are you looking for?

News

နှစ်သစ်ကူးကာလ မန္တ​လေးမြို့တွင် ခရီးထွက်ခြင်း၊ လူစုလူ​ဝေးဖြင့်​ပျော်ပါးခြင်းများ​ရှောင်ကျဥ်​ပေးရန် ​မေတ္တာရပ်ခံ

နှစ်သစ်ကူးရက်မတိုင်မီကတည်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် နောင်ချိုတိမ်ပင်လယ်နေရာများသို့ ပြည်သူအချို့ က ခရီးသွားများလာရောက်မှု၊ နှစ်သစ်ကူးညအတွက် ကြိုတင်စာရင်းပေးသွင်းမှုများ များပြားခဲ့သည့်အတွက်ဝေဖန်မှုများလည်းရှိနေသည်။

-မုံရွာမြို့တွင်လည်း ည​နေ ၄ နာရီ​နောက်ပိုင်း အိမ်ပြင်ထွက်​ပျော်ပါးခြင်းမပြုလုပ်ရန်​ မေတ္တာရပ်ခံ

နှစ်သစ်ကူးကာလ မန္တလေးမြို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ Mission (အ​ရေးကြီးရည်မှန်းချက်)များ ထိခိုက်နိုင်သောကြောင့် ခရီးထွက်ခြင်း၊ လူစုလူဝေးနေရာများတွင် သွားရောက်ပျော်ပါးခြင်းများ ရှောင်ကျဥ်ပေးရန် Rangers Of Mandalay အဖွဲ့က မေတ္တာရပ်ခံသည်။

မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်နှင့် လက်ပါးစေများကြောင့် အသက်အိုးအိမ်များဆုံးရှုံးပြီး ဒုက္ခရောက်နေသောအချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနှံ့မှ PDF၊ LDF၊ UG များကလည်း ရရာလက်နက်ကိုင်စွဲ တော်လှန်တိုက်ခိုက်နေသော အချိန်ဖြစ်ပါ၍ နွေဦးတော်လှန်ရေး တိုက်ပွဲဝင်ရဲဘော်များအား လေးစား စာနာသောအားဖြင့် လူ့ကျင့်ဝတ်နှင့်အညီ နေထိုင်သွားလာကြပါရန် ပြည်သူများအား မေတ္တာရပ်ခံကြောင်း Rangers Of Mandalay အဖွဲ့က ယနေ့( ဒီဇင်ဘာ ၃၁ ရက်)တွင်ထုတ်ပြန်ကြေညာသည်။

အလားတူ မုံရွာမြို့တွင်လည်း ယနေ့( ဒီဇင်ဘာ ၃၁ရက်) ညနေ ၄ နာရီအချိန်မှစ၍ နေအိမ်ပြင်ပသို့ ထွက်၍ ပျော်ပါးခြင်းများမပြုလုပ်ကြပါရန်နှင့် အကယ်၍ နှစ်သစ်ကူးပျော်ပါးလိုပါက မိမိတို့၏နေအိမ်တွင်သာ လွတ်လွတ်လပ်လပ်ပျော်ပါးကြပါရန် မြို့ပြပျောက်ကြားအဖွဲ့များက မေတ္တာရပ်ခံအသိပေးထားသည်။

Public Service Announcement

Public Service Announcement

နှစ်သစ်ကူးရက်မတိုင်မီကတည်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် နောင်ချိုတိမ်ပင်လယ်နေရာများသို့ ပြည်သူအချို့ က ခရီးသွားများလာရောက်မှု၊ နှစ်သစ်ကူးညအတွက် ကြိုတင်စာရင်းပေးသွင်းမှုများ များပြားခဲ့သည့်အတွက်ဝေဖန်မှုများလည်းရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

နှစ်သစ်ကူးကာလ နှစ်ရက်အတွင်း စစ်ကောင်စီ၏ ‌လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးကျော်ရှိခဲ့သည်။

သတင်း

မန္တလေးတိုင်းထဲက တံတားဦးနဲ့ညောင်ဦးမြို့နယ်တို့မှာလည်း ဆက်တိုက်​ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့​ဒေသခံ​တွေက ​ပြောပါတယ်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားလျင် ပြည်သူများအား ယုတ်မာစွာပစ်မှတ်ထား တိုက်ခိုက်နေသည်ကိုတွေ့ကြုံနေရပြီး တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်နေသယောင်သတင်းအမှားများထုတ်လွှင့်လျက်ရှိနေသည်ဟု ဖော်ပြသည်။