Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ကူးကာလနှစ်ရက်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပြည်သူ ၁၅ဦးထက်မနည်း သေဆုံး

နှစ်သစ်ကူးကာလ နှစ်ရက်အတွင်း စစ်ကောင်စီ၏ ‌လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးကျော်ရှိခဲ့သည်။

သိန္ဒီမြို့နှင့် ငါန်းဇွန်မြို့နယ်တို့တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော အပျက်အစီးများ။ ဓာတ်ပုံ - CJ

သတိုး/People’s Spring

နှစ်သစ်ကူးကာလ နှစ်ရက်အတွင်း စစ်ကောင်စီ၏ ‌လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးကျော်ရှိခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နှင့် ၂၀၂၅ ဇန်နဝါရီ ၁ ရက်တို့တွင် မန္တလေးတိုင်း ၊ ရခိုင်ပြည်နယ် ၊ရှမ်းပြည်နယ် ၊ကရင်နီပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ မြို့ရွာများကို ‌လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက်နေ့လည် ၁၁ နာရီခန့်တွင် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် နယ်စပ်ရှိ ငဖဲမြို့ လေသာရွာကို ပေါင် ၅၀၀ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ပြည်သူ လေးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းအချိန်နှင့် တပြိုင်တည်းတွင် စစ်ကောင်စီက ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA) ဗဟိုဌာနချုပ်ကို လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများအတွက်ဖွင့်လှစ်ထားသည့် ဆေးခန်းပျက်ဆီးသွားခဲ့သည်။

နေ့လည် ၁နာရီ အချိန်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို လေကြောင်းက ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချခဲ့ရာ ဒေသခံသုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်။

ညနေ ၄နာရီတွင် ကရင်နီပြည်နယ် လွိုင်ကော်မြို့အရှေ့ခြမ်းရှိ ဆင်စခန်းစစ်ရှောင်စခန်းကို တိုက်လေယာဉ်ဖြင့် ဗုံးသုံးကြိမ်ကြဲချခဲ့ရာ (၁)နှစ်ကျော်အရွယ် ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်။

ည ၈နာရီခွဲခန့်တွင် မန္တလေးတိုင်း ငါန်းဇွန်မြို့ သားကြင်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

မန္တလေးတိုင်း နွားထိုးကြီး မြို့နယ် မျက်ရှုရွာကိုလည်း ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးကိုးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူများ၏ နေအိမ် ဆယ်အိမ်ခန့် နှင့် နွား ခြောက်ကောင် သေဆုံးခဲ့သည်။

ထို့အပြင် ည ၁၁နာရီကျော်တွင် ကရင်နီပြည်နယ် ဒီမောဆိုးမြို့ အနောက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သူမရှိကြောင်းသိရသည်။

ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲ‌နေသည့် ကချင်ပြည်နယ် ဗန်းမော်မြို့ကိုလည်း ဒီဇင်ဘာ ၃၁ရက်တွင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်။

ဗန်းမော်မြို့၌ ဇန်နဝါရီ ၁ရက်တွင်လည်း Y12 လေယာဉ်ဖြင့် ၁နာရီအတွင်း တိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္ဒီမြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ နေအိမ်များပျက်ဆီးမှုရှိသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။

(သိန္ဒီမြို့နှင့် ငါန်းဇွန်မြို့နယ်တို့တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော အပျက်အစီးများ။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။