Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးမြို့က ပုဂ္ဂလိကလုံခြုံ​ရေးဝန်ထမ်းတဦး ​ပေါ်တာဆွဲခံရပြီး တစ်ပါတ်အကြာမှာတိုက်ပွဲမှာ​သေဆုံး

မန္တလေးတိုင်းထဲက တံတားဦးနဲ့ညောင်ဦးမြို့နယ်တို့မှာလည်း ဆက်တိုက်​ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့​ဒေသခံ​တွေက ​ပြောပါတယ်။

(မန္တ​လေးတိုင် ၊မတ္တရာမြို့နယ် ၊ထန်းပင်ကုန်းရွာမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဆီက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ နဲ့ စစ်သုံ့ပန်း​တွေကိုပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က ထုတ်ပြန်ခဲ့စဥ်။ဓါတ်ပုံ-MDY-PDF)
(မန္တ​လေးတိုင် ၊မတ္တရာမြို့နယ် ၊ထန်းပင်ကုန်းရွာမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဆီက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ နဲ့ စစ်သုံ့ပန်း​တွေကိုပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က ထုတ်ပြန်ခဲ့စဥ်။ဓါတ်ပုံ-MDY-PDF)

-People’s Spring

မန္တလေးမြို့က ပုဂ္ဂလိကလုံခြုံရေးလုပ်ကိုင်သူအမျိုးသားတဦးပေါ်တာဆွဲခံရပြီးတပတ်အကြာ ​ရှေ့တန်းပို့ခံရပြီး မတ္တရာမြို့နယ်တိုက်ပွဲမှာသေဆုံးသွားပြီလို့ စစ်တပ်က မိသားစုကိုအကြောင်းကြားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မန္တလေးမြို့ကျုံးအနီးမှနာမည်ကြီးဟိုတယ်တခုကလုံခြုံရေးဝန်ထမ်းဖြစ်သူ အသက်၃၀ ဝန်းကျင်အမျိုးသားဟာ ဒီဇင်ဘာလဒုတိယပါတ်မှာဟိုတယ်မှအိမ်အပြန်မှာ စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲတာခံလိုက်ရတယ်လို့သိရပါတယ်။

အဲဒီနောက် တပတ်​လောက်အကြာမှာ မတ္တရာရှေ့တန်းမှာသေဆုံး​သွားပြီလို့ မိသားစုကိုအကြောင်းကြားခဲ့တာလို့ ဖြစ်စဥ်ကို သိတဲ့ သတင်းရင်းမြစ်တဦးက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဆွဲခံရပြီး သင်တန်းတောင်မပေးလောက်ဘူး။သူ့ကို​သေသွားပြီလို့အကြောင်းကြားတာ ခေါ်သွားပြီး၆ရက်ပဲရှိသေးတာ”လို့ သေဆုံးသူရဲ့မိတ်ဆွေတဦးကပြောပါတယ်။

ကျန်ရစ်သူမိသားစုတွေရဲ့လုံခြုံရေးကြောင့် သေဆုံးသူရဲ့နာမည်နဲ့အသေးစိတ်အချက်အလက်တွေကို လူထု​နွေဦးက မ​ဖော်ပြပါဘူး ။

မန္တလေးမြို့မှာ စစ်တပ်ကအရပ်ဝတ်၊လက်နက်ကိုင်ပြီး အိမ်စီးကားတွေနဲ့လှည့်လည်ပေါ်တာဆွဲနေပြီး ညဘက်သတိထားအပြင်ထွက်ကြဖို့ ရဲတပ်ဖွဲ့ကပါနီးစပ်ရာကိုသတိပေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

စစ်မှုထမ်းအပတ်စဥ်(၁)မှာ တံတားဦးမြို့နယ်ကလူငယ်တဦးလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲကျခဲ့တာကြောင့် စစ်မှုထမ်းလိုက်ပါလိုသူတွေမရှိတော့တာမို့ ပေါ်တာဆွဲတာတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

အပတ်စဥ်(၂) မှာလည်း ညောင်ဦးမြို့နယ်ကလူငယ်တဦးကို စစ်မှုထမ်းဖို့စစ်တပ်က အဓ္ဓမခေါ်ဆောင်သွားပြီး ၃ရက်အကြာမှာရိုက်နှက်ဒဏ်ရာတွေနဲ့ကျောက်ပန်းတောင်းဆေးရုံမှာ မိသားစုကိုအလောင်းလာထုတ်ခိုင်းခဲ့ပါသေးတယ်။

မန္တလေးတိုင်းထဲက တံတားဦးနဲ့ညောင်ဦးမြို့နယ်တို့မှာလည်း ဆက်တိုက်​ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့​ဒေသခံ​တွေက ​ပြောပါတယ်။

စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရ ဥပ​ဒေနဲ့ လူငယ်​တွေကို အဓမ္မစု​ဆောင်းစစ်မှုထမ်းခိုင်းပြီး သင်တန်းဆင်းပြီးစ စစ်သား​တွေ​ကို ​ရှေ့တန်းပို့တဲ့အတွက် ​တိုက်ပွဲ​တွေမှာသေဆုံး ဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊လက်နက်ချသူများ​နေတယ်လို့​တော်လှန်​ရေးအဖွဲ့​တွေက ​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။