Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးမြို့က ပုဂ္ဂလိကလုံခြုံ​ရေးဝန်ထမ်းတဦး ​ပေါ်တာဆွဲခံရပြီး တစ်ပါတ်အကြာမှာတိုက်ပွဲမှာ​သေဆုံး

မန္တလေးတိုင်းထဲက တံတားဦးနဲ့ညောင်ဦးမြို့နယ်တို့မှာလည်း ဆက်တိုက်​ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့​ဒေသခံ​တွေက ​ပြောပါတယ်။

(မန္တ​လေးတိုင် ၊မတ္တရာမြို့နယ် ၊ထန်းပင်ကုန်းရွာမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဆီက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ နဲ့ စစ်သုံ့ပန်း​တွေကိုပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က ထုတ်ပြန်ခဲ့စဥ်။ဓါတ်ပုံ-MDY-PDF)
(မန္တ​လေးတိုင် ၊မတ္တရာမြို့နယ် ၊ထန်းပင်ကုန်းရွာမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဆီက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ နဲ့ စစ်သုံ့ပန်း​တွေကိုပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က ထုတ်ပြန်ခဲ့စဥ်။ဓါတ်ပုံ-MDY-PDF)

-People’s Spring

မန္တလေးမြို့က ပုဂ္ဂလိကလုံခြုံရေးလုပ်ကိုင်သူအမျိုးသားတဦးပေါ်တာဆွဲခံရပြီးတပတ်အကြာ ​ရှေ့တန်းပို့ခံရပြီး မတ္တရာမြို့နယ်တိုက်ပွဲမှာသေဆုံးသွားပြီလို့ စစ်တပ်က မိသားစုကိုအကြောင်းကြားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မန္တလေးမြို့ကျုံးအနီးမှနာမည်ကြီးဟိုတယ်တခုကလုံခြုံရေးဝန်ထမ်းဖြစ်သူ အသက်၃၀ ဝန်းကျင်အမျိုးသားဟာ ဒီဇင်ဘာလဒုတိယပါတ်မှာဟိုတယ်မှအိမ်အပြန်မှာ စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲတာခံလိုက်ရတယ်လို့သိရပါတယ်။

အဲဒီနောက် တပတ်​လောက်အကြာမှာ မတ္တရာရှေ့တန်းမှာသေဆုံး​သွားပြီလို့ မိသားစုကိုအကြောင်းကြားခဲ့တာလို့ ဖြစ်စဥ်ကို သိတဲ့ သတင်းရင်းမြစ်တဦးက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဆွဲခံရပြီး သင်တန်းတောင်မပေးလောက်ဘူး။သူ့ကို​သေသွားပြီလို့အကြောင်းကြားတာ ခေါ်သွားပြီး၆ရက်ပဲရှိသေးတာ”လို့ သေဆုံးသူရဲ့မိတ်ဆွေတဦးကပြောပါတယ်။

ကျန်ရစ်သူမိသားစုတွေရဲ့လုံခြုံရေးကြောင့် သေဆုံးသူရဲ့နာမည်နဲ့အသေးစိတ်အချက်အလက်တွေကို လူထု​နွေဦးက မ​ဖော်ပြပါဘူး ။

မန္တလေးမြို့မှာ စစ်တပ်ကအရပ်ဝတ်၊လက်နက်ကိုင်ပြီး အိမ်စီးကားတွေနဲ့လှည့်လည်ပေါ်တာဆွဲနေပြီး ညဘက်သတိထားအပြင်ထွက်ကြဖို့ ရဲတပ်ဖွဲ့ကပါနီးစပ်ရာကိုသတိပေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

စစ်မှုထမ်းအပတ်စဥ်(၁)မှာ တံတားဦးမြို့နယ်ကလူငယ်တဦးလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲကျခဲ့တာကြောင့် စစ်မှုထမ်းလိုက်ပါလိုသူတွေမရှိတော့တာမို့ ပေါ်တာဆွဲတာတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

အပတ်စဥ်(၂) မှာလည်း ညောင်ဦးမြို့နယ်ကလူငယ်တဦးကို စစ်မှုထမ်းဖို့စစ်တပ်က အဓ္ဓမခေါ်ဆောင်သွားပြီး ၃ရက်အကြာမှာရိုက်နှက်ဒဏ်ရာတွေနဲ့ကျောက်ပန်းတောင်းဆေးရုံမှာ မိသားစုကိုအလောင်းလာထုတ်ခိုင်းခဲ့ပါသေးတယ်။

မန္တလေးတိုင်းထဲက တံတားဦးနဲ့ညောင်ဦးမြို့နယ်တို့မှာလည်း ဆက်တိုက်​ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့​ဒေသခံ​တွေက ​ပြောပါတယ်။

စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရ ဥပ​ဒေနဲ့ လူငယ်​တွေကို အဓမ္မစု​ဆောင်းစစ်မှုထမ်းခိုင်းပြီး သင်တန်းဆင်းပြီးစ စစ်သား​တွေ​ကို ​ရှေ့တန်းပို့တဲ့အတွက် ​တိုက်ပွဲ​တွေမှာသေဆုံး ဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊လက်နက်ချသူများ​နေတယ်လို့​တော်လှန်​ရေးအဖွဲ့​တွေက ​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀၀ခန့်ကျဆုံးဟု အသိပေး

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်တပ်က အင်အားဖြည့်တင်း​နေပြီး မကြာခင်အလုံးအရင်းနဲ့ စစ်​ကြောင်းထိုးလာနိုင်တယ်လို့ မန္တ​လေး PDF ​ပြော