Connect with us

Hi, what are you looking for?

သတင်း

လူမျိုးဘာသာမခွဲဘဲ စစ်ရှောင်များအားကူညီကြရန် ပအိုဝ်းဒေသ ဆီဆိုင်မြို့ဆရာတော် မေတ္တာရပ်ခံ

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

(ဆီဆိုင်မြို့ ဇဝနာရာမပရိယတ္တိစာသင်တိုက် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ဆီဆိုင်မြို့ ဇဝနာရာမပရိယတ္တိစာသင်တိုက် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

မောင်မောင်/People’s Spring

လူမျိုးဘာသာခွဲခြားခြင်းမရှိဘဲ ဒုက္ခရောက်နေသည့် စစ်ရှောင်များအားကူညီပေးကြရန် ပအိုဝ်းဒေသ ဆီဆိုင်မြို့ ဇဝနာရာမပရိယတ္တိစာသင်တိုက် ဆရာတော် ဦးကောဝိဒက မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။

ဆရာတော်၏ ဇဝနာရာမပရိယတ္တိစာသင်တိုက်သည် သံဃာတော် ၅၀၀ ကျော်ကို ဗုဒ္ဓစာပေများ သင်ကြားပေးလျက်ရှိသည့် ပအိုဝ်းဒေသအတွင်းအကြီးမားဆုံး စာသင်တိုက်ဖြစ် သော်လည်း ဖေဖော်ဝါရီလဆန်းပိုင်းက စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်တိုက် ပျက်စီးခဲ့ရသည်။

ထိုသို့ စာသင်တိုက်ပျက်စီးမှု ဖြစ်ခဲ့သော်လည်း ဆရာတော်က စစ်ရှောင်များ ကူညီပေးရေး အတွက် ဆရာတော်၏ သဘောထားကို ဆရာတော်၏ တပည့်က လူမှုကွန်ရက်မှ တဆင့် ပအိုဝ်းဘာသာဖြင့် ဖော်ပြ နှိုးဆော်နေသည့် အခြေအနေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဘာသာပြန် ရှင်းပြပေးသည်။

Public Service Announcement

Public Service Announcement

(ဆီဆိုင်မြို့ ဇဝနာရာမပရိယတ္တိစာသင်တိုက် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ဆီဆိုင်မြို့ ဇဝနာရာမပရိယတ္တိစာသင်တိုက် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

“ ပအိုဝ်းဒေသမှာ အကြီးဆုံးကျောင်းတိုက်၊ အကြီးဆုံးစာသင်တိုက်ရဲ့ဆရာတော်ဖြစ်တယ်။ ပြီးတော့ ဆရာတော်ရဲ့ ကျောင်းက သံဃာ ၅၀၀ သတင်းသုံးတယ်။ အခုတော့ ကျောင်းလည်း စစ်ကောင်စီက ဖျက်ဆီးလို့ ပျက်စီးသွားတဲ့အထဲမှာ ပါတယ်။အထူးသဖြင့် ဆရာတော်က လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက ဆရာတော်ကို ကြည်ညိုတယ်။ ဆရာတော်က ဘာသာရေးခွဲခြားမှုမရှိဘူး။ မြို့သူမြို့သားများကို မေတ္တာထားတယ်။ စစ်ဘေးရှောင်တွေကိုလည်း ဆရာတော်က လက်ခံပေးတယ်။ ဟိုးအရင်တုန်းက ခရစ်ယာန်တွေ ကရင်နီတွေကို လက်မခံနဲ့ဆိုပြီးတော့ စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်တွေက ဝါဒဖြန့်လုပ်နေတဲ့အချိန်မှာ ဆရာတော်က လူမျိုးဘာသာ မခွဲခြားဘဲ စစ်ဘေးရှောင်ကို လက်ခံကြပါလို့ မေတ္တာရပ်ခံ တိုက်တွန်းလို့ ဆီဆိုင်သူ ဆီဆိုင်သားတွေကို အဲဒီလို ဟောပြောလို့ ဆီဆိုင်သူ ဆီဆိုင်သားတွေက စစ်ဘေးရှောင်တွေကို လက်ခံရဲတာ” ဟု ခွန်ရိန်းယံက ပြောသည်။

ထိုသို့ ကရင်နီစစ်ရှောင်များအား အကူပေးခဲ့သည့် ၊ အကူအညီပေးရန် တိုက်တွန်းခဲ့သည့် ဆရာတော် ဦးကောဝိဒ၏ စာသင်တိုက်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်တွင် မြေပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့၍ စာသင်တိုက်ပျက်စီးခဲ့သည်။

လက်ရှိတွင် ဆရာတော်သည် စစ်ရှောင်များကူညီရေးကို ဆက်လက်ကြိုးပမ်းနေဆဲဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

” အဓိကက စစ်ဘေးရှောင်တွေကို ကူညီကြဖို့ ဘာသာမခွဲခြားကြဖို့ လူလူချင်းလို့ပဲ မြင်ကြဖို့ပေါ့။ ဒီအချိန်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက ဘာသာရေးကို ခွဲခြားချင်တယ်။ စစ်ဘေးရှောင်တွေကို လက်မခံချင်ဘူး အဲဒီလို လုပ်နေတဲ့အချိန် ဒီဆရာတော်ရဲ့ သဘောထားကို ကျယ်ကျယ်ပြန့်ပြန် ဖော်ပြပေးရင် အကျိုးရှိစေတာပေါ့”ဟု ခွန်ရိန်းယံက ပြောသည်။

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

Facebook