Connect with us

Hi, what are you looking for?

News

ငွေတောင်ဆည်အနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးမှုများနိုင်ကြောင်း ဒီးမော့ဆို PDFထုတ်ပြန်

စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ကူရယူခဲ့သည့်အပြင် တိုက်လေယာဉ် ၂စီးဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အကျအဆုံးများနိုင်ကြောင်း မြေပြင်သတင်း အရသိရသည်ဟု ထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

စစ်ကောင်စီက တိုက်လေယာဉ် နှစ်စီးအသုံးပြု တိုက်ခိုက်နေ

ကရင်နီလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့နံနက်က စတင်၍ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်မှုများနိုင်ကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ ဒီးမော့ဆို PDF၊ လွိုင်ကော် PDF၊ KGZ၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် အခြား မဟာမိတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဒီဇင်ဘာ ၃၁ရက် နံနက် ၉နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ကူရယူခဲ့သည့်အပြင် တိုက်လေယာဉ် ၂စီးဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အကျအဆုံးများနိုင်ကြောင်း မြေပြင်သတင်း အရသိရသည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုညပိုင်းအချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး နှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ဘေး​ရှောင်ပြည်သူ ​လေး​သောင်း​ကျော်အတွက်လူသားချင်းစာနာ​ထောက်ထားမှုအကူအညီများလိုအပ်​နေ​ကြောင်း IEC ထုတ်ပြန်

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်တွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကြား သွေးခွဲသည့်ဗျူဟာ ကျင့်သုံးနေကြောင်း KPDFနှင့်နီးစပ်သူများက သတိပေးသည်။

သတင်း

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။