Connect with us

Hi, what are you looking for?

News

တနေကုန်ဖြစ်ပွားခဲ့သည့် ​ငွေ​တောင်ဆည်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၃၀ခန့်​သေဟု KNDF အသိ​ပေး

တိုက်ပွဲမှာ နံနက် ၈နာရီခွဲမှ ညနေ ၆ နာရီအထိပြင်းထန်ခဲ့​ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ရင်းများမှ လက်နက် ကြီးများအဆက်မပြတ်ပစ်ခတ်ခြင်းကြောင့် KNDF ရဲဘော်တစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ပြီး၊ ရဲဘော်အချို့ မစိုးရိမ်ရသော ထိခိုက်မှုများရှိခဲ့သည်။

(ယမန်နေ့တိုက်ပွဲက အထိနာ၍ ထွက်ပြေးခဲ့ရသည့် အကြမ်းဖက်စစ်တပ်၏ အခြေအနေ ဖြစ်သည်)

▪️ဖရူဆို တိုက်ပွဲတွင်လည်း စစ်​ကောင်စီတပ်သား သုံးဦး​သေဟုဆို

ကယားပြည်နယ် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ကျော်သေဆုံးကြောင်း ကရင်နီအမျိုးသားကာကွယ်​ရေးတပ် (KNDF)က ယနေ့(ဇန်နဝါရီ ၁ရက်)တွင် ထုတ်ပြန်သည်။

ယမန်​နေ့ (ဒီဇင်ဘာ ၃၁)ရက်က ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးနှင့် မြို့မရဲစခန်းတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစစ်တပ်များကို ကရင်နီတပ်မတော် (KA)၊(KNDF) နှင့် ​PDF ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

(ယမန်နေ့တိုက်ပွဲက အထိနာ၍ ထွက်ပြေးခဲ့ရသည့် အကြမ်းဖက်စစ်တပ်၏ အခြေအနေ ဖြစ်သည်)

ငွေတောင်ဆည်အနီးရှိ ပြည်အောင်ရတနာဆီဆိုင် အဆောက်အဦးကို မိမိတို့ဘက်မှ ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက် စကစဘက်မှ ၃၀ဦးခန့် ထိခိုက်ကျ ဆုံးမှုရှိနိုင်ကြောင်း KNDF က ခန့်မှန်းသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်တပ်က အထိနာသဖြင့် တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များဖြင့် လေကြောင်း ပစ်ကူတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲမှာ နံနက် ၈နာရီခွဲမှ ညနေ ၆ နာရီအထိပြင်းထန်ခဲ့​ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ရင်းများမှ လက်နက် ကြီးများအဆက်မပြတ်ပစ်ခတ်ခြင်းကြောင့် KNDF ရဲဘော်တစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ပြီး၊ ရဲဘော်အချို့ မစိုးရိမ်ရသော ထိခိုက်မှုများရှိခဲ့သည်။

ထို့အပြင် ဖရူဆိုမြို့နယ် ထီသော်တနီးကျေးရွာနှင့် လောတောတနောရွာအနီး ဒီဇင်ဘာ ၃၁ ရက် နေ့လည် ၁၂ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲမှာ ၃ နာရီနီးပါးကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ၎င်းတို့ဘက်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ဟု KNDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook