Connect with us

Hi, what are you looking for?

News

CDM ရဲတပ်ဖွဲ့၀င် ၅၀၀ကျော်အား တစ်ဦးလျှင် ကျပ်လေးသောင်းစီ ထောက်ပံ့

နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်မှ ရပ်တည်ပြီး CDM ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအနက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ များနှင့်ပူးပေါင်းတိုက်ပွဲများတွင် ကျဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းအပါအဝင် ဖမ်းဆီးခြင်း ခံရသည့်ရဲတပ်ဖွဲ့ဝင်များလည်း ရှိခဲ့သည်။

(ဓာတ်ပုံ − Supplied)

CDM ရဲတပ်ဖွဲ့၀င် ၅၀၀ကျော်အား တစ်ဦးလျှင် ကျပ်လေးသောင်းစီ ကူညီထောက်ပံ့ခဲ့ကြောင်း CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီက ယမန်နေ့ (ဇန်နဝါရီ ၁ရက်)တွင် ထုတ်ပြန်သည်။

အချက်အလက်ပြည့်စုံမှန်ကန်စွာတင်ပြလာသည့်တပ်ဖွဲ့ဝင်များအနက် ပထမဆုံးတင်ပြထားရှိသည့် CDM ရဲတပ်ဖွဲ့ဝင်များကို ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

ကူညီထောက်ပံ့ရေးအစီအစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူကယ်ပြန်ဝန်ကြီးဌာနနှင့် ပြည်သူ့ရင်ခွင်အစီအစဉ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းကျပ် ၁၈၆ သိန်းကို လွှဲပြောင်းပေး ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

“အထောက်အပံ့ စရတာတော့ အနည်းအကျဥ်း အသုံးစရိတ်ရတာပါပဲ။ သူတို့လည်း သိမှာပါ မလောက်ငှဘူး ဆိုတာ။ဒါပေမယ့် တစ်ယောက်ချင်းစီတိုင်း ကြည့်ဖို့ကြတော့လည်း အဆင်မပြေဘူးလေ။ တော်လှန်ရေး ကာလမှာတော့ ဆင်းရဲဒုက္ခကို မျှော်မှန်းထားတယ်။ ဒီလမ်းကို ဆုံးဖြတ်ထားတာပဲ”ဟု CDM ရဲတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်မှ ရပ်တည်ပြီး CDM ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအနက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ များနှင့်ပူးပေါင်းတိုက်ပွဲများတွင် ကျဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းအပါအဝင် ဖမ်းဆီးခြင်း ခံရသည့်ရဲတပ်ဖွဲ့ဝင်များလည်း ရှိခဲ့သည်။

ထို့အပြင် စစ်အာဏာရှင်တော်လှန်ရေးအတွက် နိုင်ငံ့ဝန်ထမ်းနှင့်အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုကို တနိုင်တပိုင်ထောက်ပံ့သူများကြောင့် ဇွန်လပိုင်းအထိ အဆင်ပြေခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အခက်အခဲများစွာဖြင့် ရပ်တည်နေရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီ ၁၀ ရက်က ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ဆန္ဒပြပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ခဲ့စဉ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းကာလမှာ ရဲတွေဟာ အင်မတန်မှ မလူးသာမလွန့်သာ ရှိခဲ့ရတယ်။ အကြောင်းကတော့ လာဘ်စားဖို့ ယခင်စစ်တပ်အုပ်ချုပ်စဥ်ကာလတွေလောက် အခြေအနေ မကောင်းကြတော့လို့ပါပဲ။

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

Facebook