Connect with us

Hi, what are you looking for?

News

ငွေတောင်ဆည်တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည့် KNDF ရဲဘော်ဟင်နရီ ကျဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေး သွားသော ရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ် တမ်းတင်ကြောင်းလည်း အသိပေးသည်။

တနေကုန်ဖြစ်ပွားခဲ့သည့် ငွေတောင်ဆည်တိုက်ပွဲတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ ရဲဘော် ဟင်နရီ ယနေ့(ဇန်နဝါရီ ၂ ရက်) နံနက်ပိုင်းတွင် ကျဆုံးခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများက လူထုနွေဦးသို့ ပြော သည်။

၂၀၂၁ ဒီဇင်ဘာ၃၁ရက်က ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးနှင့် မြို့မရဲစခန်းတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစစ်တပ်များကို ကရင်နီတပ်မတော် (KA)၊(KNDF) နှင့် PDF ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

“တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရတာ ရဲဘော်ဟင်နရီပါ။ဆေးကုသမှုခံယူရင်း ဒီမနက်မှာပဲ ကျသွားတာပါ”ဟု ရဲဘော်ဟင်နရီ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရဲဘော်ဟင်နရီကျဆုံးခဲ့ရသည့်အတွက် ၎င်း၏ မိတ်ဆွေတစ်ဦးကလည်း “RIPပါ ရဲဘော်ဟင်နရီ မင်းတာဝန် ကျေပါတယ်ကွာ။ ဒါပေမဲ့ တစ်ယောက်နဲ့ ခွေး၃၀ ကျော်နဲ့ လဲရတာမတန်ဘူး ဒီနှစ်သစ်က ဘာလို့ အက်လို ငိုကြွေးမူနဲ့စတင်ရတာလဲကွာ”ဟု လူမှုကွန်ရက်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေး သွားသော ရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ် တမ်းတင်ကြောင်းလည်း အသိပေးသည်။

ဒီးမော့ဆို နှင့်ဖရူဆိုမြို့နယ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံးကြောင်း KNDF က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်တပ်ကအထိနာသဖြင့် တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များဖြင့် လေကြောင်း ပစ်ကူ တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲမှာ နံနက် ၈နာရီခွဲမှ ညနေ ၆နာရီအထိ ပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်ခြင်းဖြစ်သည်။

ထို့အပြင် ဒီးမော့ဆို မြို့မရဲစခန်းကပ်ရပ် ဘုရားစေတီဝိုင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်များကိုဝင်တိုက်ရာ စစ်သား ငါးဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း KNDF က ယနေ့(ဇန်နဝါရီ ၂ ရက်)တွင် ထုတ်ပြန်သည်။

ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီခွဲခန့်က PDF ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ KNDF နှင့် KA တို့မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ရေးအရှိန်မြင့် လာမည့်အခြေအနေဖြစ်သဖြင့် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုရန် KNDF က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook