Connect with us

Hi, what are you looking for?

LuduNwayOo

News

KNDF ပါဝင်သည့်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၀ ခန့်သေဆုံးဟု ထုတ်ပြန်

KNDF မှ ဒဏ်ရာရသူ (၂၄) ဦးရှိခဲ့ပြီး၊ တိုက်ပွဲအတွင်းကျဆုံးသူမှာ (၁၃) ဦးရှိခဲ့ကြောင်းလည်းပါရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ချက်ကြောင့်အရပ်သားပြည်သူ ၁၄၆ဦးထိ သေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်က ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပါဝင်ဦးဆောင်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲ ၈၀ကျော်တွင် စစ်ကောင်စီတပ်မှ ၂၅၀ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၅၀ခန့်ရှိကြောင်း KNDFကယနေ့သင်းထုတ်ပြန်သည်။

KNDF မှ ပြည်သူသို့ အစီရင်ခံ တင်ပြချက်ကို ထုတ်ပြန်ခဲ့ရာ မေလ ၁၉ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ ကရင်နီဒေသ၌ တိုက်ပွဲပေါင်း ၁၃၀ကျော်ဖြစ်ခဲ့ရာ ယင်းအနက် KNDF မှ ပါဝင်ဦးဆောင်တိုက်ခိုက်သော တိုက်ပွဲပေါင်း (၈၁) ကြိမ်ရှိခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ (၂၄၉) ဦးရှိပြီး ဒဏ်ရာရသူ (၁၄၉) ဦးရှိကြောင်း ဖော်ပြသည်။

KNDF မှ ဒဏ်ရာရသူ (၂၄) ဦးရှိခဲ့ပြီး၊ တိုက်ပွဲအတွင်းကျဆုံးသူမှာ (၁၃) ဦးရှိခဲ့ကြောင်းလည်းပါရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ချက်ကြောင့်အရပ်သားပြည်သူ ၁၄၆ဦးထိ သေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိ KNDF တွင် တပ်ရင်း (၁၈) ရှိပြီး၊ (၁၆) ရင်းကို တင်းပြည့်ကျပ်ပြည့် စနစ်တကျဖွဲ့စည်းနိုင်ကာ လက်နက်များတပ်ဆင်လျက်ရှိကြောင်း ၊ အဘက်ဘက်မှကူညီအားပေး ထောက်ပံ့အားဖြည့် လှူဒါန်းပေးကြသော ပြည်သူလူထုများကို ကျေးဇူးအထူးတင်ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည် အထိ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဓိဌာန်ပြုသည်ဟုလည်းဖော်ပြထားသည်။KNDFသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် အင်အားသုံး ပစ်ခတ်ဖြိုခွင်း တိုက်ခိုက်ခြင်းကြောင့် ရရာလက်နက် စွဲကိုင်ခုခံရန် ပေါ်ပေါက်လာသည့် လက်နက်ကိုင် တပ်ဖွဲ့များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။