Connect with us

Hi, what are you looking for?

News

KNDF ပါဝင်သည့်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၀ ခန့်သေဆုံးဟု ထုတ်ပြန်

KNDF မှ ဒဏ်ရာရသူ (၂၄) ဦးရှိခဲ့ပြီး၊ တိုက်ပွဲအတွင်းကျဆုံးသူမှာ (၁၃) ဦးရှိခဲ့ကြောင်းလည်းပါရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ချက်ကြောင့်အရပ်သားပြည်သူ ၁၄၆ဦးထိ သေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်က ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပါဝင်ဦးဆောင်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲ ၈၀ကျော်တွင် စစ်ကောင်စီတပ်မှ ၂၅၀ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၅၀ခန့်ရှိကြောင်း KNDFကယနေ့သင်းထုတ်ပြန်သည်။

KNDF မှ ပြည်သူသို့ အစီရင်ခံ တင်ပြချက်ကို ထုတ်ပြန်ခဲ့ရာ မေလ ၁၉ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ ကရင်နီဒေသ၌ တိုက်ပွဲပေါင်း ၁၃၀ကျော်ဖြစ်ခဲ့ရာ ယင်းအနက် KNDF မှ ပါဝင်ဦးဆောင်တိုက်ခိုက်သော တိုက်ပွဲပေါင်း (၈၁) ကြိမ်ရှိခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ (၂၄၉) ဦးရှိပြီး ဒဏ်ရာရသူ (၁၄၉) ဦးရှိကြောင်း ဖော်ပြသည်။

KNDF မှ ဒဏ်ရာရသူ (၂၄) ဦးရှိခဲ့ပြီး၊ တိုက်ပွဲအတွင်းကျဆုံးသူမှာ (၁၃) ဦးရှိခဲ့ကြောင်းလည်းပါရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ချက်ကြောင့်အရပ်သားပြည်သူ ၁၄၆ဦးထိ သေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိ KNDF တွင် တပ်ရင်း (၁၈) ရှိပြီး၊ (၁၆) ရင်းကို တင်းပြည့်ကျပ်ပြည့် စနစ်တကျဖွဲ့စည်းနိုင်ကာ လက်နက်များတပ်ဆင်လျက်ရှိကြောင်း ၊ အဘက်ဘက်မှကူညီအားပေး ထောက်ပံ့အားဖြည့် လှူဒါန်းပေးကြသော ပြည်သူလူထုများကို ကျေးဇူးအထူးတင်ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည် အထိ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဓိဌာန်ပြုသည်ဟုလည်းဖော်ပြထားသည်။KNDFသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် အင်အားသုံး ပစ်ခတ်ဖြိုခွင်း တိုက်ခိုက်ခြင်းကြောင့် ရရာလက်နက် စွဲကိုင်ခုခံရန် ပေါ်ပေါက်လာသည့် လက်နက်ကိုင် တပ်ဖွဲ့များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။