Connect with us

Hi, what are you looking for?

News

ဘဏ်များပုံမှန်မလည်တက်နိုင်​​တော့၍ အပ်​ငွေတိုးရန်အပြိုင်အဆိုင်စည်းရုံး​နေ

“ဘဏ်တွေမှာ ဘယ်လောက်ခက်ခဲလဲဆိုရင် ကြိုက်တဲ့အချိန်ထုတ်လို့ရတယ်ဆိုတဲ့ special အကောင့်(အထူးဘဏ်စာရင်း)တောင် ငွေထုတ်ဖို့ အဆင်ပြေဘူး။ ငွေထုတ်ဖို့စာတင်ရတယ်”ဟု ကမ္ဘောဇဘဏ်တွင် အထူးဘဏ်စာရင်းဖွင့်လှစ်ထားသူတစ်ဦးကပြောသည်။

ပြည်တွင်းဘဏ်များသည်ပုံမှန်မလည်ပတ် နိုင်တော့၍ အပ်ငွေများပိုမိုအပ်လာစေရန် အပြိုင်အဆိုင်စည်းရုံးနေရသည်ဟု ဘဏ်ဝန်ထမ်း အချို့ကပြောသည်။

ပြည်တွင်းဘဏ်များတွင် အပ်ငွေများနည်းပါးလာ၍ ဘဏ်ကန့်သတ်များ ဖြေလျော့မူများပေးသယောင် ကြေညာပြီး ဆွဲဆောင်နေကြခြင်းဖြစ်သည်ဟု ဘဏ်ဝန်ထမ်းအချို့ကပြောသည်။

“ဘဏ်တွေမှာ အပ်တဲ့သူ မရှိတော့လို့ အပ်ငွေလာအပ်အောင် လုပ်ရမယ်လို့ စစ်တပ်က ညွန့်ကြားလာတာရှိတယ်။ ဘဏ်တွေကလည်း ဒီအတိုင်းလိုက်လုပ်ပေးနေရတယ်”ဟု ဝန်ထမ်းတစ်ဦးကပြောသည်

သို့သော်လည်း ပြည်သူလူထု၏ ဘဏ်အပ်ငွေများကိုမူ ပြန်လည်ထုတ်ပေးရန် အကန့်သတ်ချက်များရှိနေသည်နေဆဲဖြစ်သည်ဟုလည်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ဘဏ်များတွင် ငွေထုတ်ယူလိုပါက တိုကင်စနစ်ဖြင့် ရက်ချိန်းယူရပြီး တစ်ပတ် အများဆုံး ကျပ် ၅သိန်းသာ ထုတ်ယူခွင့်ရသည်။ သို့သော်လည်း ဘဏ်များကအပ်ငွေများအတွက် အတိုးနှုန်းအမြင့်နှုန်းပေး၍ ဆွဲဆောင်မူများလည်း ပြုလုပ်လာသည်ဟု ဘဏ်ဝန်ထမ်းများကပြောသည်။

ရိုးမဘဏ်သည် စာရင်းသေအပ်ငွေများအတွက် အတိုးနှုန်းကို ၉ ဒဿမ ၂၅ ရာခိုင်နှုန်းအထိ ပေး၍ အပ်ငွေများကို ဆွဲဆောင်နေသည်။ သို့သော်လည်း ရိုးမဘဏ်သည် တစ်ပတ်လျှင် အပ်ငွေ ၃ သိန်းအထိသာ ထုတ်ပေးနိုင်သည်ဟုထုတ်ပြန်ထားသည်။ CBဘဏ်ကလည်း စာရင်းသေအပ်ငွေကို တစ်နှစ်စာကို အတိုးနှုန်း ၉ ဒဿမ ၅ ရာခိုင်နှုန်းပေးမည်ဟု ဆွဲဆောင်ထားသည်။

ထိုအပြင်CBဘဏ်က ငွေသားများ ရာခိုင်နှုန်းပြည့်ထုတ်ပေးဟန် ကြေညာချက်တစ်ခုကို ဒီဇင်ဘာ ၂၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ၎င်းတွင် ဒီဇင်ဘာ ၁၅ ရက်မှ စတင်ပြီး ယခင်ဘဏ်အစာရင်း ဟောင်းများကို ငွေသွင်းပါက ရာခိုင်နှုန်းအပြည့်ငွေပြန်ထုတ်ပေးမည်ဟုဆိုသည်။ သို့သော်လည်း နယ်မြေမတူပါက ချက်ချင်းထုတ်ယူခွင့်မရဘဲ နောက်ရက်မှသာထုတ်ယူခွင့်ရမည်ဖြစ်သည်။ထိုပြင် ဒီဇင်ဘာ ၁၅ ရက်မတိုင်ခင်က ထည့်သွင်းထားသော ငွေများက ထုတ်ယူခွင့်ရမည်မဟုတ်ကြောင်း ကန့်သတ်ထားပြန်သည်။ထိုနည်းဖြင့် မလိမ့် အပ်​ငွေတိုးလာရန်ကြိုးစား​နေသည်။

သို့သော်လည်း ပြည်တွင်းဘဏ်များတွင် ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်မူကိုပင် နေချင်းပြီး ငွေထုတ်ပေးနိုင်သည့် အနေအထားမရှိဘဲ ငွေထုတ်ရန် စောင့်ဆိုင်းရသည်ဟု အခြားဘဏ်ဝန်ထမ်းတစ်ယောက်ကလည်းပြောသည်။

ထိုပြင် အပ်ငွေများလာစေရန် အထူးဘဏ်စာရင်းများအပြင် ယခင်ဘဏ်အကောင့်များကိုပါ ငွေသားသွင်းပါက ငွေသား အချိန်မ​ရွေးပြန်လည်ထုတ်ယူနိုင်သည်ဟု ဘဏ်များကဆွဲဆောင်လာသည်ဟုလည်း ဘဏ်အသိုင်းအဝိုင်းများထံမှ သိရသည်။

“ဘဏ်တွေမှာ ဘယ်လောက်ခက်ခဲလဲဆိုရင် ကြိုက်တဲ့အချိန်ထုတ်လို့ရတယ်ဆိုတဲ့ special အကောင့်(အထူးဘဏ်စာရင်း)တောင် ငွေထုတ်ဖို့ အဆင်ပြေဘူး။ ငွေထုတ်ဖို့စာတင်ရတယ်”ဟု ကမ္ဘောဇဘဏ်တွင် အထူးဘဏ်စာရင်းဖွင့်လှစ်ထားသူတစ်ဦးကပြောသည်။

ဘဏ်များမှ အထူးငွေစာရင်းမှ ငွေထုတ်ယူသူများသည် ကျပ်သိန်း ၂၀၀ အထက်ငွေထုတ်ပါက တရက်ကြိုတင်၍ ငွေထုတ်ရန်စာတင်ရသည်ဟု ၎င်းကရှင်းပြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်​ကောင်စီနှင့် ဘဏ်များအ​ပေါ် ယုံကြည်မှု မရှိ​တော့သဖြင့် ​ငွေထုတ်ယူမှု အလွန်များပြားလာပြီး​​နောက် အာဏာသိမ်းစစ်​ကောင်စီအမိန့်ဖြင့်
ဘဏ်များတွင် ငွေထုတ်ယူမူကို ကန့်သတ်ခဲ့သည်။တစ်ပတ်လျှင် ကျပ် ၅သိန်းနှင့် ကုမ္ပဏီလုပ်ငန်းတစ်ခုကို ကျပ်သိန်း ၂၀ သာ ထုတ်ယူခွင့်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေပေးရန်ဟုဆိုကာ ပြည်တွင်းဘဏ် ၁၅ ခုကို စစ်ကောင်စီက ကျပ်ငွေ ဘီလီယံ ၁၅၀ ထုတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

သတင်း

ခေတ်ပျက်ချိန်တွင် ဘဏ်တိုးနှုန်းမြင့်တက်ခြင်းက စီးပွားပျက်ကပ်ဖြစ်နိုင်ဟုစီးပွား​ရေးပညာရှင်တဦး​ပြော

သတင်း

စင်ကာပူရဲ့ လုပ်ဆောင်ချက်တွေကို နမူနာယူဖို့ လိုကြောင်း၊ မြန်မာပြည်သူတွေကို စစ်တပ်က သတ်ဖြတ်တဲ့ လုပ်ရပ်တွေမှာ ထိုင်းဘဏ်တွေက အားပေးအားမြှောက် သဘောမျိုး ပါဝင်နေတာကို လုံးဝ လက်ခံလို့ မဖြစ်နိုင်ကြောင်း သူက ထောက်ပြသွားပါတယ်။

သတင်း

အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။