စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၂၀၂၂ ဇန်နဝါရီ၃၀ ရက် နောက်ဆုံးထားနှုတ်ထွက်ကြရန် ဇေယျာညီနောင်အဖွဲ့မှ သတိပေးထားသည်။
စစ်ကိုင်းအခြေစိုက် ဇေယျာညီနောင်ပြောက်ကျားတပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့တွင် သတိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။ စစ်ကိုင်းမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီခန့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့်သက်မှတ် ထားသည့်ရက် ကျော်လွန်သည်အထိ ဆက်လက်တာဝန်ထမ်းဆောင်နေပါက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအားပြည်သူလူထု၏ ဘုံရန်သူ အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ အပေါင်းအပါအဖြစ် သက်မှတ်၍ စာရင်းပြုစုကာတစ်ဦးမကျန် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များပါ အသက်အိုးအိမ် စည်းစိမ်များပါ ထိခိုက်ပျက်စီးနိုင်ပါကြောင်း ကြိုတင် သတိပေးထုတ်ပြန်သည်ဟု ရေးသားထားသည်။
သတိပေးချက်အပေါ် အထူးအလေးဂရုပြုကြရန်နှင့် သက်မှတ်ရက်အတွင်း ရာထူးမှ နှုတ်ထွက်ခြင်းမပြုပါက မည်သည့်နေရာအထိ တိမ်းရှောင်ပုန်းအောင်းသည် ဖြစ်စေလိုက်လံ သုတ်သင် ရှင်းလင်းခံရမည် ဖြစ် ကြောင်း ဇေယျာညီနောင် ပြောက်ကျားတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။


















































