Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနယ် ဘုရားဖြူမှာတပ်စွဲထားတဲ့စစ်တပ်က ပြည်သူတွေ ဖမ်းဆီးဆက်ကြေးတောင်းနေ

စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ဘုရားဖြူမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပူးပေါင်းကာ အနောက်တာ(ရေဝင်တန် ဆည်) ဘက်ကို ဝင်ရောက်ပြီး ပြည်သူတွေ ဖမ်းဆီးကာ ဆက်ကြေးတောင်းတာ တွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့အဝင်တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

စက်တင်ဘာ-၁၂၊၂၀၂၅၊မေ/People’s Spring

စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ဘုရားဖြူမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပူးပေါင်းကာ အနောက်တာ(ရေဝင်တန် ဆည်) ဘက်ကို ဝင်ရောက်ပြီး ပြည်သူတွေ ဖမ်းဆီးကာ ဆက်ကြေးတောင်းတာ တွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ၁၀ ရက်က စစ်ကောင်စီတပ်တွေဟာ မအူပင် ၄ရွာ (သာဒွန်း၊ မအူပင်အရှေ့ရွာ၊ မအူပင်အနောက်ရွာ၊ မအူပင်ကုန်းတန်းလေး)ကိုစစ်ကြောင်းထိုးပြီး ပြည်သူ ၃၀လောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“မနေ့ကတချို့ပြန်လွတ်တယ်လို့လည်း ပြောတယ်။အတည်မပြုနိုင်သေးဘူး။နောက်ရက် စစ်ကြောင်း ဆက်ဝင်လို့ ပြေးတဲ့ သူတွေလည်း ပြေးကြတုန်းပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ၁၁ ရက်ကလည်း အဲဒီစစ်ကြောင်းကပဲ ဒီကျေးရွာတွေကို ထပ်ဝင်ကာ တအိမ်ကို ငွေကျပ် ၅၀၀၀-၁၀၀၀၀အထိ လိုက်လံတောင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီရွာတွေဟာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ငါးထပ်ကြီးဘုရားရဲ့ အနောက်ဘက်မှာရှိပြီး ဘုရားဖြူမှာ စစ်အုပ်စုကတပ်စွဲထားတာလည်း တနှစ် လောကါရှိပြီလို့ သိရပါတယ်။

အဲဒီအနီးနားဝန်းကျင်မှာဆိုရင် နောက်ထပ် ဆင်မြေ၊ဒေါင်းမနဲ့ ညောင်ကုန်းရွာ တွေကိုလည်း စစ်တပ်ကတပ်စွဲထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။