Connect with us

Hi, what are you looking for?

News

ဖက်ဆစ်စစ်တပ်အုပ်ချုပ်မှုအောက်တွင် မည်သည့်လွတ်လပ်ရေးအခမ်းအနားပွဲမျှ မပါဝင်ရန် GSCB တိုက်တွန်း

“ကြွေးကြော်သံမရွတ်ဘဲ ကြွေးကြော်သံများ လမ်းမှာပြန့်ကျဲ၍ စစ်အာဏာရှင်အပေါင်း ကြားစေရမည်”ဟု GSCBက ဆိုသည်။

▪️Paper Strike စာချ၊ စာကပ်သပိတ်ပူးပေါင်းရန် နှိုးဆော်

မလွတ်လပ်သေးသည့် ဖက်ဆစ်စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ကျရောက်နေ၍ မနက်ဖြန်( ဇန်နဝါရီ ၄ ရက်)တွင် မည်သည့်လွတ်လပ်ရေးအထိမ်းအမှတ်ကိုမျှ ပါဝင်ခြင်း မပြုရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်ရေးအင်အားစု(GSCB)က တိုက်တွန်းထုတ်ပြန်သည်။

“သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” လှုပ်ရှားမှုအဖြစ် လွတ်လပ်ရေးနေ့တွင် တစ်နိုင်ငံလုံးရှိ လူထုက လွတ်လပ်ရေးကြွေးကြော်သံ၊ တိုက်ပွဲဝင်သံပါ စာသားများ ရေးသား၍ စျေးသွားချိန်၊ လမ်းပေါ်ထွက်ချိန်၊ မိမိတို့ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေချိန်တွင် လမ်းမပေါ်များ အများပြည်သူနေရာများတွင် ကြဲချခြင်း၊ နံရံများတွင် ကပ်ထားခြင်းများ ပူးပေါင်းဆောင်ရွက်ကြရန် GSCB က တိုက်တွန်းသည်။

“ကြွေးကြော်သံမရွတ်ဘဲ ကြွေးကြော်သံများ လမ်းမှာပြန့်ကျဲ၍ စစ်အာဏာရှင်အပေါင်း ကြားစေရမည်”ဟု GSCBက ဆိုသည်။

Public Service Announcement

Public Service Announcement

ရေးသားနိုင်သည့် စာသားများမှာ “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ”၊ “မအလ မအလ”၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်”၊ “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “တော်လှန်ကြ”၊ “ရုန်းထွက်ကြ” စသည်ဖြင့် နွေဦးတော်လှန်ရေးကာလ တလျှောက်လုံး သုံးခဲ့သော ကြွေးကြော်သံများသာမက မိမိရေးသားချင်သည်များလည်း ရေးသားပြီး စာချ၊ စာကပ်သပိတ်တွင် ပါဝင်နိုင် ကြောင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လာမယ့်ဇူလိုင် (၁၉) ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေ တတ်နိုင်တဲ့နည်းလမ်းနဲ့ ပူးပေါင်းပါဝင်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းလှုံ့ဆော်ထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှုကို စစ်တပ်ဘက်က မတရားဖမ်းဆီး အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေတာကြောင့် လုံခြုံရေး သတိပြုကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု (GSCB) ကအသိပေးထားပါတယ်။

နိုင်ငံတကာ

လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် တရားဝင် ကြေညာတာမျိုး မလုပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထိုင်ဝမ် အစိုးရကို သတိပေးလိုက်ပါတယ်။

သတင်း

ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုလိုက်ပါတယ်။