Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖက်ဆစ်စစ်တပ်အုပ်ချုပ်မှုအောက်တွင် မည်သည့်လွတ်လပ်ရေးအခမ်းအနားပွဲမျှ မပါဝင်ရန် GSCB တိုက်တွန်း

“ကြွေးကြော်သံမရွတ်ဘဲ ကြွေးကြော်သံများ လမ်းမှာပြန့်ကျဲ၍ စစ်အာဏာရှင်အပေါင်း ကြားစေရမည်”ဟု GSCBက ဆိုသည်။

▪️Paper Strike စာချ၊ စာကပ်သပိတ်ပူးပေါင်းရန် နှိုးဆော်

မလွတ်လပ်သေးသည့် ဖက်ဆစ်စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ကျရောက်နေ၍ မနက်ဖြန်( ဇန်နဝါရီ ၄ ရက်)တွင် မည်သည့်လွတ်လပ်ရေးအထိမ်းအမှတ်ကိုမျှ ပါဝင်ခြင်း မပြုရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်ရေးအင်အားစု(GSCB)က တိုက်တွန်းထုတ်ပြန်သည်။

“သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” လှုပ်ရှားမှုအဖြစ် လွတ်လပ်ရေးနေ့တွင် တစ်နိုင်ငံလုံးရှိ လူထုက လွတ်လပ်ရေးကြွေးကြော်သံ၊ တိုက်ပွဲဝင်သံပါ စာသားများ ရေးသား၍ စျေးသွားချိန်၊ လမ်းပေါ်ထွက်ချိန်၊ မိမိတို့ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေချိန်တွင် လမ်းမပေါ်များ အများပြည်သူနေရာများတွင် ကြဲချခြင်း၊ နံရံများတွင် ကပ်ထားခြင်းများ ပူးပေါင်းဆောင်ရွက်ကြရန် GSCB က တိုက်တွန်းသည်။

“ကြွေးကြော်သံမရွတ်ဘဲ ကြွေးကြော်သံများ လမ်းမှာပြန့်ကျဲ၍ စစ်အာဏာရှင်အပေါင်း ကြားစေရမည်”ဟု GSCBက ဆိုသည်။

Public Service Announcement

Public Service Announcement

ရေးသားနိုင်သည့် စာသားများမှာ “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ”၊ “မအလ မအလ”၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်”၊ “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “တော်လှန်ကြ”၊ “ရုန်းထွက်ကြ” စသည်ဖြင့် နွေဦးတော်လှန်ရေးကာလ တလျှောက်လုံး သုံးခဲ့သော ကြွေးကြော်သံများသာမက မိမိရေးသားချင်သည်များလည်း ရေးသားပြီး စာချ၊ စာကပ်သပိတ်တွင် ပါဝင်နိုင် ကြောင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးတွင် ပြည်သူလူထုက ခုခံတွန်းလှန်စစ်အဖြစ် လက်ရုံးရည်နည်း လက်နက်ကိုင်တိုက်ပွဲ (Arm Resistance) နည်းနှင့် နှလုံးရည်နည်း လူထုတိုက်ပွဲ (Civil Resistance) နည်း ဆိုသည့် ပင်မတိုက်ပွဲမဏ္ဍိုင်ကြီး (၂) ရပ်လုံးကို စွဲကိုင်ကာ တိုက်ပွဲဝင်နေကြသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူနှင့် ဆရာကြီး ဦးရာဇတ်၏ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

နိုင်ငံတကာအင်အားစုများအနေဖြင့် သတိထား၍ အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများပြုလုပ်ကြပါရန် အလေးအနက်တိုက်တွန်းကြောင်း GSCB က တိုက်တွန်းသည်။

သတင်း

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အနေဖြင့်လည်း အကြမ်းဖက် စစ်တပ် ပျက်သုဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ရောက်ရှိသည်အထိ အားသွန်ခွန်စိုက် ကြိုးစား တိုက်ပွဲဝင်သွားမည် ဟု တော်လှန်ရေးသစ္စာအဓိဌာန်ပြုကြောင်းလည်း ထုတ်ပြန်လိုက်သည်။