Connect with us

Hi, what are you looking for?

News

KNDF ရဲဘော်ဟင်နရီ ဈာပန တပ်ဖွဲ့ဝင်များစွာ လိုက်ပါပို့ဆောင်

KNDF၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည့် ကာလအတွင်း တိုက်ပွဲ၌ ကျဆုံးခဲ့သည့် KNDF ရဲဘော် ၁၃ဦးရှိပြီး ဒဏ်ရာရသူ ၂၄ဦး ရှိသည်။

ဓာတ်ပုံ - ကန္တာရ၀တီတိုမ်း

စစ်ကောင်စီတပ်ကို တိုက်ခိုက်စဉ် ဒဏ်ရာရရှိပြီး ကျဆုံးခဲ့သည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၏ ရဲဘော် ဟင်နရီ၏ ဈာပန အခမ်းအနားကို ယနေ့ (ဇန်နဝါရီ ၃ရက်) ပြုလုပ်ခဲ့ကြောင်း ကရင်နီဒေသအခြေစိုက် ကန္တာရ၀တီတိုမ်း သတင်းဌာနက ဓာတ်ပုံများနှင့် တကွဖော်ပြသည်။

KNDF ရဲဘော် ဟင်နရီသည် ဒီဇင်ဘာ ၃၁ရက်က ဒီးမော့ဆိုမြို့ တိုက်ပွဲ၌ ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ ၂ရက် နံနက်က ကျဆုံးခဲ့ခြင်းဖြစ်သည်။ ရဲဘော်ဟင်နရီသည် ကယားပြည်နယ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့်အတူစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်သည်ဟုဆိုသည်။

KNDF၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည့် ကာလအတွင်း တိုက်ပွဲ၌ ကျဆုံးခဲ့သည့် KNDF ရဲဘော် ၁၃ဦးရှိပြီး ဒဏ်ရာရသူ ၂၄ဦး ရှိသည်။

ဓာတ်ပုံ – ကန္တာရ၀တီတိုမ်း

KNDFသည် ကရင်နီတိုင်းရင်းသားလက်နက်ကိုင်တပ် ကရင်နီတပ်မတော်(KA) ၊ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသ၌ တိုက်ပွဲ ၁၃၀ ကျော်အနက် KNDF ပါဝင်သည့် တိုက်ပွဲ ၈၀ ကျော်ရှိသည်ဟုဆိုသည်။ အဆိုပါတိုက်ပွဲ ၈၀ ကျော်တွင် စစ်ကောင်စီတပ်မှ သေဆုံးသူ ၂၄၉ ဦးရှိပြီး ဒဏ်ရာရသူ ၁၄၉ဦး ရှိခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။