Connect with us

Hi, what are you looking for?

News

တပ်မဟာ(၆)နယ်​မြေ ဝမ်း​ရေးမြို့နယ်အတွင်း ခရီးသွားလာခွင့်အချိန် ကန့်သတ်

အရေးပေါ်ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားထောက်ခံချက်ရယူရမည် ဖြစ်သည်။

ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ဝင်းရေးမြို့နယ်အတွင်း ခရီးသွားလာခွင့်ကို အချိန်ကန့်သတ်ပိတ်ပင်လိုက်ကြောင်း KNU က ထုတ်ပြန်သည်။

ဇန်နဝါရီ ၂ ရက် ရက်စွဲပါ ထုတ်ပြန်စာအရ ယခုလက်ရှိ နိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် ဝင်းရေးမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများသည် အန္တရာယ်များ မဖြစ်စေရန် ည ၇ နာရီ မှ နံနက် ၆ နာရီအထိ ခရီးသွားလာခွင့်မပြုဟု အသိပေးသည်။

အရေးပေါ်ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားထောက်ခံချက်ရယူရမည် ဖြစ်သည်။

ထောက်ခံချက်မရှိဘဲ ခရီးသွားလာပါက ပြဿနာ တစ်စုံ တစ်ရာရှိလာပါက တာဝန်ယူဆောင်ရွက်သွားမည်မဟုတ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁ ရက်တွင် ဝင်းရေးမြို့နယ် ကျားမီးတိုကျေးရွာအပြင်ဘက်နှင့် ခုံခံကျေးရွာ၊ နို့ဝါးဆူ့ လမ်းမကြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် KNLAတို့ တိုက်ပွဲ ဖြစ်ပွားထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်းရေးမြို့နယ်တွင် တပ်ချိန်းမှုများနှင့် စစ်ရေးလှုပ်ရှားများ ပိုမိုလှုပ်ရှားဆောင်ရွက်လျှက်ရှိကြောင်း ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိကအသုံး ပြုကာပစ်ကူပေးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများကိုလည်း လေကြောင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

KIA အမှတ်(၁၁)တပ်မဟာကို အူလောင်းပါနှင့် ရွှေကူဒေသတို့ ပါဝင်ပြီး KIA အမှတ် (၁၂) တပ်ရင်း၊အမှတ်(၂၇)များဖြင့် ဖွဲ့စည်းထားကြောင်း အသိပေးသည်။

သတင်း

KIAက တပ်မဟာအသစ် တိုးချဲ့ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

သတင်း

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)မှ ရဲဘော် သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း အသိပေးသည်။

Facebook