Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်၌ လဝက်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ခုနစ်ဦးသေဟု KNU တပ်မဟာ (၅) အသိပေး

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)မှ ရဲဘော် သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း အသိပေးသည်။

(၇၄)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေတစ်နေရာ၌ ၂၀၂၃ ဇန်နဝါရီ၃၁ရက်က ကျင်းပနေစဉ်။ ဓာတ်ပုံ - KNU -Mutraw News
(၇၄)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေတစ်နေရာ၌ ၂၀၂၃ ဇန်နဝါရီ၃၁ရက်က ကျင်းပနေစဉ်။ ဓာတ်ပုံ - KNU -Mutraw News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း၌ ယခု နိုဝင်ဘာလဝက်အတွင်း တိုက်ပွဲ ၂၅ကြိမ်ဖြစ်ပွားခဲ့ကြောင်းKNU တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း စစ်ရေးအခြေအနေနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၇ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ဒဏ်ရာရသူများထဲတွင် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး ပါဝင်ကြောင်း ဖော်ပြသည်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)မှ ရဲဘော် သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ဒေသတွင်းကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူလူထုနေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ နိုဝင်ဘာလဝက်အတွင်း တပ်မဟာ(၅)နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ၄၆လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။ လက်နက်ကြီးကြောင့် လူထိခိုက်သေဆုံးမှု ရှိ၊မရှိ အခြေအနေ ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။