Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်၌ လဝက်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် ခုနစ်ဦးသေဟု KNU တပ်မဟာ (၅) အသိပေး

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)မှ ရဲဘော် သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း အသိပေးသည်။

(၇၄)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေတစ်နေရာ၌ ၂၀၂၃ ဇန်နဝါရီ၃၁ရက်က ကျင်းပနေစဉ်။ ဓာတ်ပုံ - KNU -Mutraw News
(၇၄)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားအား မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေတစ်နေရာ၌ ၂၀၂၃ ဇန်နဝါရီ၃၁ရက်က ကျင်းပနေစဉ်။ ဓာတ်ပုံ - KNU -Mutraw News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း၌ ယခု နိုဝင်ဘာလဝက်အတွင်း တိုက်ပွဲ ၂၅ကြိမ်ဖြစ်ပွားခဲ့ကြောင်းKNU တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း စစ်ရေးအခြေအနေနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၇ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ဒဏ်ရာရသူများထဲတွင် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး ပါဝင်ကြောင်း ဖော်ပြသည်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)မှ ရဲဘော် သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း အသိပေးသည်။

စစ်ကောင်စီတပ်က ဒေသတွင်းကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူလူထုနေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ နိုဝင်ဘာလဝက်အတွင်း တပ်မဟာ(၅)နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ၄၆လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။ လက်နက်ကြီးကြောင့် လူထိခိုက်သေဆုံးမှု ရှိ၊မရှိ အခြေအနေ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement