Connect with us

Hi, what are you looking for?

သတင်း

တပ်ရင်း နှစ်ခုစုပေါင်းဖွဲ့စည်းထားသည့် တပ်မဟာ(၁၁)ဖွင့်ပွဲအခမ်းအနား KIAကျင်းပ

KIA အမှတ်(၁၁)တပ်မဟာကို အူလောင်းပါနှင့် ရွှေကူဒေသတို့ ပါဝင်ပြီး KIA အမှတ် (၁၂) တပ်ရင်း၊အမှတ်(၂၇)များဖြင့် ဖွဲ့စည်းထားကြောင်း အသိပေးသည်။

တပ်ရင်း နှစ်ခုစုပေါင်းဖွဲ့စည်းထားသည့် တပ်မဟာ(၁၁)ဖွင့်ပွဲအခမ်းအနား KIAကျင်းပ
တပ်ရင်း နှစ်ခုစုပေါင်းဖွဲ့စည်းထားသည့် တပ်မဟာ(၁၁)ဖွင့်ပွဲအခမ်းအနား KIAကျင်းပ

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အသစ်ဖွဲ့စည်းလိုက်သည့် တပ်မဟာ(၁၁)ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၄ရက်တွင် ကျင်းပခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယမန်နေ့ (ဇွန်လ ၁၅ရက်) ညပိုင်းသတင်း၌ ဖော်ပြသည်။

KIA အမှတ်(၁၁)တပ်မဟာကို အူလောင်းပါနှင့် ရွှေကူဒေသတို့ ပါဝင်ပြီး KIA အမှတ် (၁၂) တပ်ရင်း၊အမှတ်(၂၇)များဖြင့် ဖွဲ့စည်းထားကြောင်း အသိပေးသည်။

အခမ်းအနား၌ KIO ဗဟိုကော်မတီ အဖွဲ့ဝင်များ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက်နှင့်ကချင်အစပ် ရွှေလီချိုင့်ဝှမ်းဒေသ၌ KIAက တပ်မဟာအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းဒေသသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရအရေးပါသည့်ဒေသ ဖြစ်သည်ဟု ဆိုသည်။

ယခင်က ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသများ၌ တပ်မဟာ ၁၀ခုရှိထားပြီးဖြစ်သည့် KIA အနေဖြင့် တပ်မဟာ(၁၁)ကို မေလအတွင်းက ထပ်တိုး မကြာသေးမီက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားအရေး ဒလေ့လာသူ ဦးမောင်မောင်စိုးကလည်း KIA၏ တပ်မဟာ အသစ် ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်၌ ရေးသားထားရာ “တပ်မဟာ(၁၁)ကို မန်ဝိန်းကြီးဒေသမှာ ဗဟိုပြုဖွဲ့စည်းတယ်လို့ သိရပါတယ်။ မန်ဝိန်းကြီးဒေသဟာ ရွှေလီမြစ်ရဲ့တဖက်ကမ်း၊ နမ့်ခမ်း အနောက်ဖက်မှာ တည်ရှိပါတယ်။ နမ့်ခမ်းနဲ့ ရွှေလီမြစ်ခြားသလို ပြည်နယ်လည်းခြားပါတယ်။ ကချင်ပြည်နယ်ထဲ ပါဝင်ပါတယ်။ မန်ဝိန်းကြီးဒေသဟာ အရင်တပ်မဟာ (၃)နယ်မြေထဲက ဖြစ်ပေမဲ့ ဗန်းမော်ဖက်ကို အာရုံစိုက်နေတဲ့ တပ်မဟာ(၃)နယ်မြေထဲက ခွဲထုတ်လိုက်တဲ့ ဒေသဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။

မန်ဝိန်းကြီးသည် ကချင်နှင့် ရှမ်းပြည်နယ် ဆက်စပ်သည့် နေရာ၌ရှိပြီး ရှမ်းမြောက်ရှိ KIA တပ်မဟာသုံးခုနှင့် ကချင်ရှိ KIAတပ်ဖွဲ့များ ဆက်စပ်သည့်နေရာ၌ အရေးပါသည့် ဒေသ ဖြစ်သည်ဟု ဆိုသည်။

“ဒါ့ပြင် မန်ဝိန်းကြီးဒေသဟာ စီးပွါးရေးအရ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ဒေသဖြစ်ပါတယ်။ မန်ဝိန်းကြီးနဲ့ တရုတ်ပြည် နုန်တောင်း Nong Duoဟာ နမ့်ဝမ်ချောင်း ( ရွှေလီမြစ်ထဲ စီးဝင်တဲ့ချောင်း) ခြားတယ်ဆိုပေမဲ့ တရုတ်ပြည်ဖက်ခြမ်းမှာ နမ့်ဝမ်ချောင်းကူးတံတားထိုးထားလို့ ကားကြီးတွေ ကောင်းကောင်းကူးနိုင်ပါတယ်။ နုန်တောင်းကနေ ရွှေလီအထိ ရှစ်လမ်းသွား ကားလမ်းမကြီးဖြူးနေပြီ တနာရီမကြာဘဲ ရွှေလီရောက်နိုင်ပါတယ်။ မန်ဝိန်ကြီး- နုန်တောင်းဂိတ်ဟာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တရားဝင်ဂိတ်ထဲမှာမပါဝင်ပေမဲ့ ပမာဏကြီးမားတဲ့ မှောင်ခို နယ်စပ်ကုန်သွယ်ရေးဂိတ်လို့ဆိုရပါမယ်”ဟုလည်း ဦးမောင်မောင်စိုးက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။