Connect with us

Hi, what are you looking for?

News

ကောလင်းမှာ လုပ်ငန်းရှင်နဲ့မြို့မိမြို့ဖ ၃၀ ကျော်ကို စစ်ကောင်စီတပ် အကြောင်းမဲ့ဖမ်းဆီး

ဖမ်းဆီးရတဲ့အကြောင်းရင်းကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီတာ ၊ မီတာခ မဆောင်တာ စတဲ့စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးခဲ့တာလို့ စုံစမ်းမေးမြန်းမှုအရသိရပါတယ်။

စစ်ကိုင်းတိုင်း ၊ကောလင်းမြို့ မှာ လုပ်ငန်းရှင် တွေနဲ့ မြို့မိမြို့ဖ ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲ ဆန်စက်လုပ်ငန်းရှင် ၊စပါးပွဲစား ၊ဆန်ဆိုင်ပိုင်ရှင် တွေ ပါဝင်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဇော်အောင်ကလည်း ဖေ့ဘွတ်ခ်ကနေအသိပေးထားတာတွေ့ရပါတယ်။

ဖမ်းဆီးရတဲ့အကြောင်းရင်းကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီတာ ၊ မီတာခ မဆောင်တာ စတဲ့စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးခဲ့တာလို့ စုံစမ်းမေးမြန်းမှုအရသိရပါတယ်။

ကောလင်းဒေသဟာ စစ်အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကောလင်းမြို့နယ်အနောက်ခြမ်း၊မူးချောင်းအတွင်းရွှေမျောကိုတွဲသယ်ဆောင်လာတဲ့ စက်လှေဟာ​​​အရှိန်မထိန်နိုင်​ဘဲတံတားကို ဝင်တိုက်မိတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အရပ်သား​တွေကိုပစ်မှတ်ထားတိုက်ခိုက်မှု​ကြောင့်လက်တုန့်ပြန်မယ်လို့ကောလင်းခရိုင်တပ်ရင်း(၁)ကထုတ်ပြန်

Facebook