Connect with us

Hi, what are you looking for?

News

ကောလင်းမှာ လုပ်ငန်းရှင်နဲ့မြို့မိမြို့ဖ ၃၀ ကျော်ကို စစ်ကောင်စီတပ် အကြောင်းမဲ့ဖမ်းဆီး

ဖမ်းဆီးရတဲ့အကြောင်းရင်းကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီတာ ၊ မီတာခ မဆောင်တာ စတဲ့စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးခဲ့တာလို့ စုံစမ်းမေးမြန်းမှုအရသိရပါတယ်။

စစ်ကိုင်းတိုင်း ၊ကောလင်းမြို့ မှာ လုပ်ငန်းရှင် တွေနဲ့ မြို့မိမြို့ဖ ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲ ဆန်စက်လုပ်ငန်းရှင် ၊စပါးပွဲစား ၊ဆန်ဆိုင်ပိုင်ရှင် တွေ ပါဝင်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဇော်အောင်ကလည်း ဖေ့ဘွတ်ခ်ကနေအသိပေးထားတာတွေ့ရပါတယ်။

ဖမ်းဆီးရတဲ့အကြောင်းရင်းကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီတာ ၊ မီတာခ မဆောင်တာ စတဲ့စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးခဲ့တာလို့ စုံစမ်းမေးမြန်းမှုအရသိရပါတယ်။

ကောလင်းဒေသဟာ စစ်အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။