Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီကိုဆီသွင်း​ပေးသူဟုသတင်းထွက်​နေသောမြတ်​မေတ္တာမွန် ဆီဆိုင်တွင် ဗုံး​ပေါက်

ထိုပေါက်ကွဲမှုအပြီး ဗုံးနှစ်လုံးပေါက်ကွဲသံနှစ်ကြိမ်ကို ထပ်မံကြားရကြောင်းလည်း ကျိုက္ကဆံ အိမ်ယာတွင် နေထိုင်သူတစ်ဦးက ​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီအတွက် စက်သုံးဆီ အပါအဝင် လေယာဥ်ဆီများ ဖြည့်တင်းပေးနေသည် ဟု နာမည်ကြီးသည့် တာမွေရှိ မြတ်မေတ္တာမွန်(MMTM) ဆီဆိုင်တွင် ဗုံး​ပေါက်ကွဲကြောင်းဒေသခံများက လူထုနွေဦးသို့ပြောသည်။

ယနေ့(ဇန်နဝါရီ ၄ ရက်) ညနေ ၆ နာရီခန့်က ကျယ်လောင် သော အသံ၊တုန်ခါမှုနှင့်အတူ မြတ်မေတ္တာမွန်ဆီဆိုင်အနီး ပေါက်ကွဲမှုဖြစ်ပွားခြင်းဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

“လမ်စလျှောက်နေတုန်း မြေကြီးပါတုန်တယ်။ဓာတ်ဆီဆိုင်နဲ့ ကပ်ရပ်နားပဲပေါက်တာ။ပျက်စီးထိခိုက်တာတော့ကျွန်တော်လည်း မသိရသေးဘူး။အိမ်ပြန်ပြေးလာရတယ်”ဟု တာမွေမြို့နယ် နေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဗိုလ်စိန်မှန်၊ တက္ကသိုလ်ရိပ်သာလမ်းသစ် နှင့် တာမွေ အဝိုင်းလေးတို့ကို အကြမ်းဖက်စစ်တပ်ကပိတ်ဆို့ စစ်ဆေးမှုမျာပြုလုပ်နေသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ထိုပေါက်ကွဲမှုအပြီး ဗုံးနှစ်လုံးပေါက်ကွဲသံနှစ်ကြိမ်ကို ထပ်မံကြားရကြောင်းလည်း ကျိုက္ကဆံ အိမ်ယာတွင် နေထိုင်သူတစ်ဦးက ​ပြောသည်။

“အခု ၇ နာရီ ခွဲလောက်မှာ တစ်ကြိမ် ၈ နာရီမှာ တစ်ကြိမ် ထပ်ပေါက်တယ်။ဘယ်နေရာလဲတော့ မသိရသေးဘူး”ဟု ၎င်းက ဆက်​ပြောသည်။

မြတ်မေတ္တာမွန်ဆီဆိုင်ပိုင်ရှင် ဦးဝင်းမြင့်သည် မြန်မာနိုင်ငံစက်သုံးဆီအသင်း၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီ၏ အမတ်ဟောင်းတစ်ဦးလည်း ဖြစ်သည်။ စစ်​အာဏာသိမ်းပြီး​နောက် စစ်​ကောင်စီနှင့် စက်သုံးဆီနှင့် ​လေယာဥ်ဆီဝယ်ယူတင်သွင်း​ပေး​နေသူများထဲမှ အဓိကတစ်ဦးဖြစ်​ကြောင်းစက်သုံးဆီလုပ်ငန်းရှင်အချို့ထံမှ သိ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook