Connect with us

Hi, what are you looking for?

News

အင်းတော်တွင် KIA/PDF ပူးပေါင်း တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂၄ဦးသေဟု ထုတ်ပြန်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF) တို့ ပူးပေါင်းပြီး အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်ယာဉ်နှင့် စစ်ကူယာဉ်တို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်မှ ၂၄ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟု IPDFက ထုတ်ပြန် သည်။

ဇန်နဝါရီ ၃ရက် မွန်းလွဲ ၁နာရီ ၄၀ မိနစ်တွင် မြစ်ကြီးနားမှ မန္တလေးမြို့ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ် ယာဉ်တစ်စီးကို အင်းတော်မြို့နယ် စီပိန်းရွာနှင့် ဖားပန့် ရွာအကြားတွင် KIA/IPDF တပ်ဖွဲ့ဝင်များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကူပေးရန် စီပိန်းကျေးရွာမှ ထပ်ဆင်းလာသော စစ်ကားတစီးကိုလည်း စောင့်ကြိုပြင်ဆင်ထားသည့် KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ လမ်းခုလတ်တနေရာတွင် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၂၄ဦး သေဆုံးပြီးအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုတွင် KIA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်ခဲ့သည့် ပထမစစ်ကားမှာ သုံးမရအောင် ပျက်စီးသွားပြီး လမ်းဘေး၌ ပစ်ထားခဲ့ရကြောင်း၊ စစ်ကူလိုက်လာသောကားမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အလောင်းများတင်ဆောင်ကာ ထွက်ခွာသွားကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို KIAနှင့်IPDF ပူးပေါင်းတပ်ဖွဲ့မှ အင်အား၄၀ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။