Connect with us

Hi, what are you looking for?

News

မြန်မာတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ခြေချခွင့်လုံး၀မရအောင် လုပ်ဆောင်မည်ဟု တော်လှန်ရေးအဖွဲ့ ၃၀၀ခန့် ထုတ်ပြန်

ဟွန်ဆန်သည် တရုတ်အစိုးရ၏လက်ဝေခံနောက်လိုက်တစ်ဦးဖြစ်သည့်အပြင် အာဏာကို အလွန်အမင်းတပ်မက်ပြီးမဲလိမ်၊ မဲခိုး၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရာထူးကို ကလိမ်ကကျစ်နည်းပေါင်းစုံဖြင့် ရာသက်ပန်သိမ်းပိုက်ထားသူဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

(မန္တ​လေးမြို့တွင် ဝန်ကြီးချုပ် ဟွန်ဆန်ကို ကန့်ကွက်ရှုတ်ချ​ကြောင်း ဆန္ဒပြကန့်ကွက်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - Poison)

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို မြန်မာနိုင်ငံတွင် လုံး၀ခြေချခွင့်မရအောင် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည်ဟု တော်လှန်ရေးအဖွဲ့အစည်း ၃၀၀ခန့်က ယနေ့(ဇန်နဝါရီ ၄ရက်) ထုတ်ပြန် ကြေညာသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာပြည်သူတရပ်လုံး၏ သဘောဆန္ဒနှင့် လုံးလုံးလျားလျားဆန့်ကျင်နေသည့်အပြင် ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးကို မထီမဲ့မြင်ပြုခြင်းဖြစ်ကြောင်းနှင့် ယင်းခရီးစဉ်ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံတဝန်းရှိ တော်လှန်ရေးအဖွဲ့ ၂၇၃ ဖွဲ့က ထုတ်ပြန် သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သော အစုလိုက် အပြုံလိုက်ဖမ်းဆီးမီးရှို့သတ်ဖြတ်မှုများကို ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ဆက်လက် ကျူးလွန်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ယင်းအခြေအနေတွင် အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် အာဆီယံဘုံသဘောတူညီချက် ၅ရပ်နှင့် ကိုက်ညီခြင်းမရှိသည့်အပြင် လူသတ် အကြမ်းဖက်စစ်ကောင် စီ၏ ရက်စက်ယုတ်မာသော လုပ်ရပ်များကို ကူညီဖုံးကွယ်ပေးပြီး လူသတ်အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအသိုင်းအဝန်းတွင် ပြန်လည်ဝင်ဆန့်စေရန်ကြိုးပမ်းမှုသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

ဟွန်ဆန်သည် တရုတ်အစိုးရ၏လက်ဝေခံနောက်လိုက်တစ်ဦးဖြစ်သည့်အပြင် အာဏာကို အလွန်အမင်းတပ်မက်ပြီးမဲလိမ်၊ မဲခိုး၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရာထူးကို ကလိမ်ကကျစ်နည်းပေါင်းစုံဖြင့် ရာသက်ပန်သိမ်းပိုက်ထားသူဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ