Connect with us

Hi, what are you looking for?

News

လွိုင်​ကော်နှင့် ဒီး​မော့ဆိုမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်အထိနာ၊ စစ်​ကောင်စီတပ်သား ၂၃ဦး​သေဟု KNDF ထုတ်ပြန်

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ယနေ့(ဇန်နဝါရီ ၆ရက်)က ဖြစ်ပွားသည့် တိုက်ပွဲတွင် အကြမ်းဖက်စစ် ကောင်စီဘက်မှ ၂၃ ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားကာကွယ်​ရေးတပ် (KNDF)က ထုတ်ပြန်သည်။

လွိုင်ကော်တိုက်ပွဲ

လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းတစ်ခုကို ယနေ့နံနက် ၃ နာရီ ၃၀မိနစ်တွင် ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့မျာမှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲမှာ ၂နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၅ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒီးမော့ဆို တိုက်ပွဲ

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီနှင့် (၅) မိုင်နှင့် (၆)မိုင်တို့်တွင် ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့တွင် နှစ်ဘက်စလုံးမှ စစ်ကြောင်းသုံးကြောင်းဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ‌ဒေါပိုးစီနှင့် (၅)မိုင်၊ (၆) မိုင်တို့တွင် ယနေ့ နံနက် ၈နာရီမှ ညနေ ၃ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှရှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ အထိနာသဖြင့် တင့်ကားများအသုံးပြုခဲ့ပြီး သေဆုံးသွားသည့် တပ်သားအလောင်းများ အစဖျောက်ရန်အတွက် ရုပ်အလောင်းများကို အိမ်ထဲထည့်မီးရှို့ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များမှ (၆) မိုင်ကျေးရွာ အတွင်း နေအိမ် ​လေးလုံးနှင့်အထက် မီးရှို့ဖျက်စီးခဲ့ကြောင်းလည်း KNDFက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များမှ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှ ဒီးမော့ဆို (၆)မိုင်နှင့် ဘက်တလင် ကျေးရွာအထိ တပ်ဖြန့်ကာ စစ်ကြောင်းထိုးလျက်ရှိနေသည်ဟုလည်း အသိပေးထားသည်။

ယနေ့ တိုက်ပွဲများတွင် ကရင်နီတပ်မတော် နှင့်ပူးပေါင်းအဖွဲ့များ တစုံတရာ ထိခိုက်မှုမရှိဘဲ ရှေ့တန်းမှ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကယား(ကရင်နီ) ပြည်နယ်ကို အကြမ်းဖက်စစ်ကောင်စီက ခြေလျင်အင်အားအလုံးအရင်းဖြင့် ဒီဇင်ဘာ နောက်ဆုံးပတ်ကစ၍ ထိုးစစ်ဆင်နေပြီး ၎င်း တို့ဘက်က အသေအပျောက်များသဖြင့် ရဟတ်ယာဥ်များဖြင့်ပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook