Connect with us

Hi, what are you looking for?

News

CDMလုပ်ထားတဲ့ မီးရထား ဝန်ထမ်းတစ်ဦး စစ်ကြောရေးမှာကျဆုံး

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဒီနေ့အချိန်ထိ စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးသူဟာ ၁၄၄၅ ဦးထိရှိလာပြီလို့ AAPP ကဖော်ပြထားပါတယ်။

CDM လုပ်ထားတဲ့ မြန်မာ့မီးရထား မလွှကုန်းဒီဇယ်စက်ရုံက အကြီးတန်းစာရေး ကိုအောင်ကိုလတ်ကို PDFခေါင်းဆောင်လို့စွပ်စွဲကာ ဖမ်းဆီးသွားပြီး နောက်တစ်ရက်မှာပဲ စစ်ကြောရေးမှာကျဆုံးသွားတယ်လို့ သိရပါတယ်။

ကိုအောင်ကိုလတ်ဟာ လွတ်လပ်ရေးနေ့ ည ၁၁ နာရီခွဲလောက်က မလွှကုန်းမီးရထားဝန်ထမ်းအိမ်ရာမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး နောက်တစ်ရက်မှာ ကျဆုံးသွားတာလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဆိုထားပါတယ်။

ကျဆုံးသွားသူ ဦးအောင်ကိုလတ်မှာ ဇနီးနဲ့အတူ သားသမီး ၂ ဦးကျန်ခဲ့ပြီး သူဟာ ကျန်းမာရေးကောင်းမွန်သူလို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဒီနေ့အချိန်ထိ စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးသူဟာ ၁၄၄၅ ဦးထိရှိလာပြီလို့ AAPP ကဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။