Connect with us

Hi, what are you looking for?

News

စဥ့်ကိုင်မြို့တွင် စစ်ကောင်စီတပ်သားအချို့နှင့် မြို့စီမံကောင်စီအဖွဲ့ဝင်​နေအိမ် တိုက်ခိုက်ခံရ

မြို့စီမံကောင်စီဝင် ရွှေခိုင်၏နေအိမ်တိုက်ခိုက်ခံရမှုတွင်လည်း နေအိမ်ထိခိုက်ပျက်စီးမှုရှိပြီး လူထိခိုက်မှုရှိ၊ မရှိမသိရသေးပေ။

People's Spring
People's Spring

မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် ယမန်နေ့(ဇန်နဝါရီ ၇) ညပိုင်းက စစ်ကောင်စီတပ်သားအချို့နှင့် စစ်ကောင်စီခန့် မြို့နယ်စီမံခန့်ခွဲရေးကောင်စီ ဝင်တစ်ဦး၏နေအိမ်ကို တိုက်ခိုက်ခဲ့ကြောင်း စဥ့်ကိုင်ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်များတွင် ည ၇ နာရီခန့်က စဥ့်ကိုင်မြို့မီးပွိုင့်တွင် စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့အား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ စစ်ကောင်စီမှခန့်အပ်ထားသည့်စဥ့်ကိုင်မြို့နယ် စီမံခန့်ခွဲမှုကောင်စီအဖွဲ့ဝင် ရွှေခိုင်ဆိုသူ၏နေအိမ်အား ဗုံးပစ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အခုထပ်ပြီး သိရတာက ငါးယောက်ထိတယ်ဗျ။ သေမသေက အတည်မပြုနိုင်သေးဘူး”ဟု LPDF(Sintgaing) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ စဥ့်ကိုင်မီးပွိုင့်အနီး တိုက်ခိုက်မှုလုပ်ဆောင်ပြီးနောက် အခင်းဖြစ်နေရာသို့ အရေးပေါ်လူနာတင်ယာဥ်နှစ်စီးရောက်ရှိလာခဲ့သည်ကို သိရကြောင်း ၎င်းက ဆက်ပြောသည်။

မြို့စီမံကောင်စီဝင် ရွှေခိုင်၏နေအိမ်တိုက်ခိုက်ခံရမှုတွင်လည်း နေအိမ်ထိခိုက်ပျက်စီးမှုရှိပြီး လူထိခိုက်မှုရှိ၊ မရှိမသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။