Connect with us

Hi, what are you looking for?

News

အ​ရှေ့ဒဂုံမြို့သစ်ရှိ အမှိုက်ပုံတွင် ပေါက်ကွဲမှုဖြစ်ပြီး အမှိုက်ကောက်သည့် သားအဖဗုံးထိ၊ သားဖြစ်သူ သေဆုံး

“မနက်က အမှိုက်ပုံမှာ ဗုံးပေါက်တယ်ဆိုတာ ဟုတ်ပါတယ်ရှင့်။ အမှိုက်ကောက်တဲ့ သားအဖနှစ်ယောက်မှာ သားက ဗုံးထိမှန်သေဆုံးသွားပါတယ်”ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

People's Spring
People's Spring

▪️စစ်​ကောင်စီလက်ပါး​စေများ၏ လက်ချက်ဖြစ်နိုင်ဟု ​ဒေသခံများ​ပြော

ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ အမှိုက်ပုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အမှိုက်ကောက်သည့် သားအဖနှစ်ဦး ဗုံးထိမှန်ခဲ့ကြောင်း ဒေသခံများက ပြော သည်။

ယနေ့(ဇန်နဝါရီ ၈)နံနက် ၈ နာရီခန့်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ကျန်စစ်သားလမ်းပေါ်ရှိ အမှိုက်ပုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗုံးထိမှန်ခဲ့သောသားအဖနှစ်ဦးတွင် သားဖြစ်သူသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

“မနက်က အမှိုက်ပုံမှာ ဗုံးပေါက်တယ်ဆိုတာ ဟုတ်ပါတယ်ရှင့်။ အမှိုက်ကောက်တဲ့ သားအဖနှစ်ယောက်မှာ သားက ဗုံးထိမှန်သေဆုံးသွားပါတယ်”ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

အမှိုက်ကောက်သည့် သားအဖနှစ်ဦးသည် အမှိုက်ပုံတွင်တွေ့ရသည့် အထုပ်မဲတစ်ထုပ်ကိုဖွင့်ကြည့်စဥ် ပေါက်ကွဲမှုဖြစ်ကာ သားဖြစ်သူမှာ နေရာတင်ပွဲချင်းပြီးသေဆုံး၍ ဖခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အထက်ပါပေါက်ကွဲမှုဖြစ်စဥ်မှာ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကိုမသိရသေးဘဲ ဒေသခံများကမူ ပြည်သူထိခိုက်အောင်လုပ်ဆောင်သည်မှာ စစ်ကောင်စီ ၏လက်ပါးစေများ၏ လက်ချက်ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးကြသည်။

စစ်​ကောင်စီလက်ပါး​စေများသည် ပြီးခဲ့သည့် လပိုင်းများကလည်း ပြည်သူများက PDFများအား အထင်လွဲမှားမှုဖြစ်​စေရန် အမှိုက်​ကောက်သည့် က​လေးငယ်အချို့ ထိခိုက်မှုရှိ​စေရန် အမှိုက်ပုံးများ၌ ဗုံးထားရှိ၍ ​ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည်ဟု ရန်ကုန်မြို့​နေ ​ဒေသခံတစ်ဦးက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook