Connect with us

Hi, what are you looking for?

News

ထန်တလန်တွင် စစ်ကောင်စီတပ် ထပ်မံမီးရှို့၍ ဇန်နဝါရီ ပထမပတ်အတွင်း အိမ်ခြေ ၁၂၀ကျော် ပြာကျ

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ထိုသို့ မီးရှို့နေခြင်းသည် စစ်ရေး ၊ လူမျိုးရေးနှင့်ဘာသာရေး ဖိနှိပ်မှုလုပ် ဆောင်ရန် ရည်ရွယ်ခြင်းအပြင် ပြည်သူလူထုအကြောက်တရားဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်နယ် ထန်တလန်မြို့ကို အာဏာသိမ်းစစ်ကောင် စီတပ်က ဇန်နဝါရီလဆန်းပိုင်း၌ ထပ်မံ မီးရှို့ခဲ့၍ ဘုရားကျောင်းအချို့ အပါအဝင် ​နေအိမ်အဆောက်အအုံ ၁၂၃လုံး မီးလောင်ပြာကျခဲ့သည်ဟု ထန်တလန် စစ်ဘေးရှောင်ကူညီရေးအဖွဲ့(TPAC) က ယမန်နေ့တွင် ထုတ်ပြန် သည်။

ဇန်နဝါရီ ၃ရက်၊ ၄ရက်နှင့် ၅ ရက်တို့တွင် စစ်ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ်ရှိ အိမ်ခြေများကို ထပ်မံမီးရှို့ပြီး အိမ်ခြေ ၁၂၃လုံး ထပ်မံပြာကျသွားခဲ့ကြောင်း၊ ယခု မီးလောင်ပြာကျသည့် အိမ်ခြေများတွင် ဘာသာရေးအဆောက်အအုံဖြစ်သော Gospel ဘုရားကျောင်း၊ Quarter၊ Methodist ဘုရားကျောင်းနှင့် Quarter၊ JMBC Quarter တို့ ပါဝင်သည်ဟု ဖော်ပြကာ မီးလောင်ပြာကျသည့် စာရင်းကို ထုတ်ပြန်ထားသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် စက်တင်ဘာလဆန်းပိုင်းကစ၍ စစ်ကောင်စီတပ်သားများက မီးရှို့ခဲ့ရာ စုစုပေါင်း ၁၈ကြိမ် ထက်မနည်း မီးလောင်ခဲ့ပြီး အိမ်ခြေ ၇၀၀ ကျော် မီးလောင်ပျက်စီး ပြာကျခဲ့သည်ဟု TPACက ဆိုသည်။ မီးလောင်ခဲ့သည့် အဆောက်အအုံများ၌ ဘာသာရေး အဆောက်အအုံ ၃၀ခန့် ပါဝင်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ထိုသို့ မီးရှို့နေခြင်းသည် စစ်ရေး ၊ လူမျိုးရေးနှင့်ဘာသာရေး ဖိနှိပ်မှုလုပ် ဆောင်ရန် ရည်ရွယ်ခြင်းအပြင် ပြည်သူလူထုအကြောက်တရားဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသော မိုးဗြဲ မြို့ကို တော်လှန်ရေးပူးပေါင်းတပ် များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။