Connect with us

Hi, what are you looking for?

News

ကန်ပက်လက်တွင်စစ်​ကောင်စီတပ်တွင်းအချင်းများပြီးပစ်ခတ်၊ တပ်ရင်းမှူးအပါအဝင် ၄ ​ယောက်​သေ

“ဖြစ်တယ်ပစ်တယ်ဆိုတာ အတိအကျတော့ သိတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ မသိရပါဘူး။သူတို့က အာဏာသိမ်းပြီးမှ ရောက်လာတဲ့အဖွဲ့။ အရင်တုန်းက ကန်ပက်လက်မှာ စစ်တပ်က မရှိဘူး။ အာဏာသိမ်းပြီးမှ စစ်တပ်လာထိုင်တာ” ဟု​ပြော​ရေးဆိုခွင့်ရှိကရှင်းပြသည်။

(ကန်ပက်လက်မြို့တစ်​နေရာ)

ကန်ပက်လက်မြို့တွင်း တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်တွင်းယ​နေ့ အချင်းများပြီး အချင်းချင်းပြန်လည်ပစ်ခတ်ကြသဖြင့် တပ်ရင်းမှူးအပါအဝင် လေးဦးသေဆုံးခဲ့​ကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်​ရေး အဖွဲ့ကသတင်းထုတ်ပြန်လိုက်သည်။

စစ်​ကောင်စီတပ်အချင်းချင်းပစ်ခတ်၍ သေရှုံးသူများတွင် တပ်ရင်းမှူး ဗိုလ်ကြီးအပြင် တပ်ကြပ်ကြီးလည်းပါဝင်ကြောင်း ကျန်သူများမှာ တပ်သားများဖြစ်​ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“တပ်ကြပ်ကြီးတစ်ဦးက မကျေနပ်လို့ ပစ်လိုက်တာကနေ
စတာ”ဟု CDF -Kanpetlet မှ ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

သေဆုံးသူများတွင် ဒုတိယဗိုလ်မှူးကြီး အဆင့်တပ်ရင်းမှူး ၊ ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦး တပ် ကြပ်ကြီးနှင့် တပ်သား တစ်ဦး ဖြစ်သည်ဟု အထက်ပါ ရဲ​​ဘော်ကဆက်​​ပြောသည်။

Public Service Announcement

Public Service Announcement

တပ်တွင်း အပြန်အလှန်ပစ်ခတ်မှုတွင် အသေးစိတ် ဖြစ်စဥ် အပါအဝင် သေဆုံးခဲ့သူများ နှင့် အခြေစိုက်တပ်ရင်းကို လူထုနွေဦးမှ ဆက်လက်၍ အတည် ပြုစုံစမ်းလျှက်ရှိသည်။

အချင်းချင်း ပစ်ခတ်မှုမှာဇန်နဝါရီ ၈ရက် မနက်တွင်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဟု ကန်ပက်လက် CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဖြစ်တယ်ပစ်တယ်ဆိုတာ အတိအကျတော့ သိတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ မသိရပါဘူး။သူတို့က အာဏာသိမ်းပြီးမှ ရောက်လာတဲ့အဖွဲ့။ အရင်တုန်းက ကန်ပက်လက်မှာ စစ်တပ်က မရှိဘူး။ အာဏာသိမ်းပြီးမှ စစ်တပ်လာထိုင်တာ” ဟု​ပြော​ရေးဆိုခွင့်ရှိကရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်