Connect with us

Hi, what are you looking for?

News

နေပြည်တော်သို့ သွယ်တန်းထားသော ဓာတ်အားလိုင်းတိုင်နှစ်ခု KNDF ဖြိုချဖျက်ဆီး

စစ်ကောင်စီနှင့် ၎င်းတို့၏အပေါင်းပါများနှင့် စစ်ကောင်စီယန္တာရားကို အားကောင်းစေသော ထောက်တိုင်များ ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု KNDF ဖယ်ခုံဇုန်က အသိပေးထားသည်။

နေပြည်တော်သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်း တိုင်နှစ်ခုကို ဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖယ်ခုံဇုန်က ယနေ့ ထုတ်ပြန်သည်။

ရှမ်း-ကယားပြည်နယ်အစပ် မိုးဗြဲမြို့အထွက် ဟိုက်ကွီကျေးရွာဘေးမှ နေပြည်တော်သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလှိုင်းတိုင် နှစ်ခုကို KNDF၏ မိုးဗြဲအ‌ခြေစိုက်တပ်ခွဲနှင့် KNDF B-11တို့က ဇန်နဝါရီ ၃ ရက်တွင် ဖြိုချခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်အပါအဝင် ကယားပြည်နယ်မှတစ်ဆင့် အကြမ်းဖက်စစ်ကောင်စီရုံးချုပ်များ အခြေစိုက်ရာ နေပြည်တော်သို့ သွယ်တန်းထားသည့် ဓာတ်အာစလိုင်းတိုင်များကို သုံးကြိမ်တိုင် ဖြိုချထားသည်။

စစ်ကောင်စီနှင့် ၎င်းတို့၏အပေါင်းပါများနှင့် စစ်ကောင်စီယန္တာရားကို အားကောင်းစေသော ထောက်တိုင်များ ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု KNDF ဖယ်ခုံဇုန်က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့တို့၌ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Facebook