Connect with us

Hi, what are you looking for?

LuduNwayOo

News

နေပြည်တော်သို့ သွယ်တန်းထားသော ဓာတ်အားလိုင်းတိုင်နှစ်ခု KNDF ဖြိုချဖျက်ဆီး

စစ်ကောင်စီနှင့် ၎င်းတို့၏အပေါင်းပါများနှင့် စစ်ကောင်စီယန္တာရားကို အားကောင်းစေသော ထောက်တိုင်များ ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု KNDF ဖယ်ခုံဇုန်က အသိပေးထားသည်။

နေပြည်တော်သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်း တိုင်နှစ်ခုကို ဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖယ်ခုံဇုန်က ယနေ့ ထုတ်ပြန်သည်။

ရှမ်း-ကယားပြည်နယ်အစပ် မိုးဗြဲမြို့အထွက် ဟိုက်ကွီကျေးရွာဘေးမှ နေပြည်တော်သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလှိုင်းတိုင် နှစ်ခုကို KNDF၏ မိုးဗြဲအ‌ခြေစိုက်တပ်ခွဲနှင့် KNDF B-11တို့က ဇန်နဝါရီ ၃ ရက်တွင် ဖြိုချခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်အပါအဝင် ကယားပြည်နယ်မှတစ်ဆင့် အကြမ်းဖက်စစ်ကောင်စီရုံးချုပ်များ အခြေစိုက်ရာ နေပြည်တော်သို့ သွယ်တန်းထားသည့် ဓာတ်အာစလိုင်းတိုင်များကို သုံးကြိမ်တိုင် ဖြိုချထားသည်။

စစ်ကောင်စီနှင့် ၎င်းတို့၏အပေါင်းပါများနှင့် စစ်ကောင်စီယန္တာရားကို အားကောင်းစေသော ထောက်တိုင်များ ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု KNDF ဖယ်ခုံဇုန်က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့တို့၌ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

သတင်း

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။