Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒဂုံမြို့သစ်အရှေ့ပိုင်း ဆေးရုံးရှိ စစ်ကောင်စီတပ်ကင်းအဖွဲ့ တိုက်ခိုက်ခံရပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

“အသံကျယ်တယ်။ ၁၃၃ ရပ်ကွက်ထိပ်လောက်ကအထိ ကြားရယ်။ နှစ်လုံးသုံးလုံးပဲ။ စခဘက်က နှစ်ယောက်ထိ တယ်လည်းပြောတယ်။ သေချာတော့ မသိဘူး”ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမှ မြို့ခံတစ်ဦးက ပြောသည်။

(ယမန်နေ့(ဇန်နဝါရီ ၈)က KBZ ဘဏ်အနီး စစ်ကောင်စီတပ်များရောက်ရှိနေစဥ်)

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ဆေးရုံတစ်ရုံတွင် အစောင့်ကင်းချထားသည့် စစ်ကောင်စီတပ်သားများအား ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Human Rights Defenders(HRD)က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့(ဇန်နဝါရီ ၈)ညနေ ၆ နာရီ ၂၇ခန့်တွင် တစ်ကြိမ်၊ ၆ နာရီ ၃၃တွင် တစ်ကြိမ်ဖြင့် ဗုံးသီးနှင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပထမအကြိမ် ဗုံးပစ်တိုက်ခိုက်ခံရခြင်းကြောင့် အရှေ့ဒဂုံ (၉)ရပ်ကွက် အနော်ရထာလမ်းနှင့် ရာဇဓိရာဇ် လမ်းထောင့်ရှိ ဆေးရုံနေရာသို့ စစ်ကူလာသော စစ်ကောင်စီတပ်အား ဒုတိယအကြိမ် ဗုံးပစ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု HRD က ဆိုသည်။

“အသံကျယ်တယ်။ ၁၃၃ ရပ်ကွက်ထိပ်လောက်ကအထိ ကြားရယ်။ နှစ်လုံးသုံးလုံးပဲ။ စခဘက်က နှစ်ယောက်ထိ တယ်လည်းပြောတယ်။ သေချာတော့ မသိဘူး”ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမှ မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ လမ်းမတန်းများကို လျှပ်စစ်မီးဖြတ်တောက်ထားခဲ့ကြောင်း ဒေသတင်းရင်းမြစ် NDEDI က ဖော်ပြသည်။

HRD နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့က မြောက်ဒဂုံ (၄၂) ရပ်ကွက်ရှိ KBZ ဘဏ်အနီး မိုင်းတစ်လုံးထောင်ထားခဲ့ရာ စစ်ကောင်စီတပ်များတွေ့ရှိပြီး ဖယ်ရှားခဲ့ခြင်းကြောင့် ဖောက်ခွဲနိုင်ခြင်းမရှိခဲ့ဟု အသိပေးထားသည်။

အထက်ပါတိုက်ခိုက်မှုကို Human Rights Defenders(HRD)နှင့် Generation Z Defence Force(GZDF)တို့ ပူးပေါက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။