Connect with us

Hi, what are you looking for?

News

ဝါရင့်သတင်း​စာဆရာတစ်ဦး၊ က​လေးငယ်နှစ်ဦး အပါအဝင် ပြည်သူ ၁၀ဦးကို စစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးချပြီး သတ်ဖြတ်

“သူဘာသာ ခရီးသွားရင် စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုးတာ၊ သတင်းထောက်ဆိုတော့ အချက်အလက်တွေရှိတာပေါ့”ဟု အဆိုပါသတင်းထောက်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

■ချင်း​ဒေသအ​ခြေစိုက် Khonumthung သတင်းဌာနတည်​ထောင်သူ ၊အယ်ဒီတာချုပ် Pu Tuidim ပါအသတ်ခံရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ကလေးငယ်နှစ်ဦးနှင့် သတင်းထောက်တစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်သားကလူသားဒိုင်းအဖြစ်အသုံးချပြီး ပစ်သတ်ခဲ့ကြောင်း ချင်းပြည်နယ်သတင်းစင်တာ(Chinland Information Center) က ဖော်ပြထားသည်။

မတူပီ-ဟားခါးလမ်းပေါ်ရှိ ကီလှုန်းနှင့် လုံလှော်ကျေးရွာအကြားတွင် ဇန်နဝါရီလ ၆ ရက် နှင့် ၇ ရက်က ခရီးသွားအရပ်သားပြည်သူ ၁၀ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးပြီး စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့်ပြည်သူ ၁၀ ယောက်တွင် ၁၃ နှစ်အရွယ် ကလေးငယ်နှစ်ဦး နှင့် ချင်းပြည်နယ်အခြေစိုက် Khonumthung သတင်းဌာနတည်​ထောင်ထားသူများထဲမှတစ်ဦးဖြစ်သူ ၊အယ်ဒီတာချုပ်လည်းဖြစ် ၊ဝါရင့်သတင်းထောက်တစ်ဦးလည်းဖြစ်​သော Pu Tuidim ပါဝင်သည်ဟု Chinland information Centerကဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“သူဘာသာ ခရီးသွားရင် စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုးတာ၊ သတင်းထောက်ဆိုတော့ အချက်အလက်တွေရှိတာပေါ့”ဟု အဆိုပါသတင်းထောက်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

မိခင်သတင်းဌာနကလည်း ယ​နေ့ညတွင် အထူးဝမ်းနည်း​ကြေကွဲ​ကြောင်းသတင်းထုတ်ပြန်ထားရာ “စစ်ကောင်စီတပ်၏ လူမဆန်စွာသတ်ဖြတ်ခဲ့သူများထဲတွင် မိမိတို့ Khonumthung သတင်းဌာနကို တည်ထောင်သူတစ်ဦးဖြစ် ၊နှစ်ပေါင်းများစွာ အယ်ဒီတာချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ Pu Tuidim လည်းပါဝင်သည်ဟု သတင်းရရှိသည့်အပေါ် များစွာတုန်လှုပ်ခြောက်ခြားပြီး အလွန်စိတ်မကောင်းဖြစ်ရပါသည်။ ချင်းသတင်းမီဒီယာများအတွက် ရှေ့ဆောင်လမ်းပြခဲ့သူ Pu Tuidim ၏ တိုင်းပြည်နှင့်လူမျိုးအပေါ် ကိုယ်ကျိုးစွန့်ပေးဆပ်ခဲ့မူပေါ် မိမိတို့အနေဖြင့် ဘယ်သောအခါမျှ မေ့လျော့မှာ မဟုတ်သည့်အပြင် အစဉ် ထာဝရသတိရဂုဏ်ပြုအပ်ပါသည်။ Pu Tuidim အပါအဝင်အပြစ်မဲ့အရပ်သားပြည်သူများအားဖမိးဆီးကာလူသားဒိုင်းအဖြစ်အသုံးပြု​သော အာဏာသိမ်းစစ်​ကောင်စီကို အပြင်းအထန် ပစ်တင်ရှုတ်ချလိုက်ပြီး” ဟု ​ဖော်ပြထားသည်။

သတ်ခံထားရသည့် ပြည်သူများ၏ ရုပ်အလောင်းကို ယနေ့တွင် ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF- မတူပီ) ၏ ယ​နေညထုတ်ပြန်ချက်အရ ဇန်နဝါရီ ၆ရက်မှစ၍ မတူပီ -ဟားခါးလမ်း၌ မတူပီ CDFနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန်ခဲ့ ကြောင်း၊ စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာတွင် ဇန်နဝါရီ ၆ရက် နေ့လည်ပိုင်း၌ ကီလှုန်းရွာမှ လုံလှော်ရွာသို့ ခရီးသွားနေသည့် ပြည်သူ ၈ဦးကို ဖမ်းဆီးပြီး ညနေပိုင်းတွင် ဘွေထီယားရွာမှ ကစဲရွာသို့ ခရီးသွားသည့် ပြည်သူ ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် အဆိုပါ ပြည်သူ ၁၀ဦးကို စစ်ကောင်ဏီတပ်ကလူသားဒိုင်းအဖြစ်အသုံးပြုပြီး ရက်ရက်စက်စက် သတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့ရာ ယင်းသို့ အပြစ်မဲ့ ပြည်သူများ သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်းကြောင်းCDF မတူပီက ထုတ်ပြန်သည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ် ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကျဆုံးပြည်သူများကို တိုင်တည်ပြီး ကတိပြုကြောင်း မတူပီ CDF ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာသည့်အပေါ် မတူပီ CDFက ခုခံတိုက်ခိုက်ခဲ့သဖြင့်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှအထိ့နာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။