Connect with us

Hi, what are you looking for?

News

NUGကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးနှင့် စီးပွားရေးစီမံကိန်းများ စာချုပ်ချုပ်နိုင်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်များကို CRPH တောင်းဆို

တောင်ကိုရီးယားသမ္မတ၊ လွှတ်တော်အမတ်များနှင့် တောင်ကိုရီးယားပြည်သူများက မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးမှုများအတွက် များစွာကျေးဇူးတင်ကြောင်း CRPH ဥက္ကဌက ပြောသည်။

▪️CRPH ကိုယ်စားလှယ်များနှင့် တောင်ကိုရီးယားလွှတ်တော်အမတ်များ အွန်လိုင်းကနေ ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် တရားဝင်အစိုးရအဖြစ်အကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံကိန်းများရေးဆွဲထားသည့်အတွက် စီးပွားရေးစီမံကိန်းများအတွက် စာချုပ်ချုပ်ဆိုနိုင်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်များကို တောင်းဆိုဆွေးနွေးသည်။

ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် တောင်ကိုရီးယားလွှတ်တော်အမတ်များ Virtual Conference စနစ်ဖြင့်တွေ့ဆုံခဲ့ရာ မြန်မာပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် NUG အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က တိုက်တွန်းသည်။

တောင်ကိုရီးယားသမ္မတ၊ လွှတ်တော်အမတ်များနှင့် တောင်ကိုရီးယားပြည်သူများက မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးမှုများအတွက် များစွာကျေးဇူးတင်ကြောင်း CRPH ဥက္ကဌက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ‌ ပေးအပ်မှုများ ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ဦးအောင်ကြည်ညွန့်က တိုက်တွန်းသည်။

ဆက်လက်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အစိုးရဝန်ထမ်းများ၊ ဖမ်းဆီးခံထားရသည့် မိသားစုဝင်များနှင့် စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးတို့အတွက် အကူအညီများပေးအပ်နိုင်ရေးနှင့် စစ်အာဏာရှင်များ သက်ဆိုးမရှည်စေရန် ၎င်းတို့နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရေး တောင်ကိုရီးယားအစိုးရကို တောင်ကိုရီးယားလွှတ်တော်အမတ်များက တိုက်တွန်းရန် CRPHက တောင်းဆို သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။