စစ်ကောင်စီရဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို စစ်ကောင်စီခေါင်းဆောင်က အနားပေးလိုက်တယ်လို့ လေတပ်အသိုင်းအဝိုင်းကနေသိရပါတယ်။
အနားပေးရတဲ့အကြောင်းရင်းကိုတော့အတိအကျမသိရသေးပါဘူး ။စစ်ကောင်စီ လေတပ်အသိုင်းအဝိုင်းကတော့ ဗိုလ်ချုပ်ကြီးရာထူးနဲ့ ၄ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးနောက် ရာထူးမတက်တဲ့အတွက် အနားပေးခံရတာလို့ဆိုကြပါတယ်။
စစ်ကောင်စီ လေချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မိတ္ထီလာမှာ ကျင်းပတဲ့လေယောဉ်မောင်းသင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။
သူဟာ စစ်ကောင်စီရဲ့လေချုပ်အဖြစ် ၂၀၁၈ ခုနှစ်ကစတင်ပြီး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာတာတွေ့ရပါတယ်။