Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

“ကျွန်ုပ်တို့ မဟာမိတ်တပ်ဖွဲ့မှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ခွေးအများအပြား ထိခိုက်ကျဆုံး နိုင်ဖွယ်ရှိကြောင်း မြေပြင်မှ သတင်းပေးပို့လာပါသည်”ဟု အောင်ဆန်းတပ်ဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း အောင်ဆန်းတပ်ဖွဲ့ထုတ်ပြန်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းအား မြေပြင်အပြင် ဝေဟင်(ဒရုန်း)ဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း အောင်ဆန်းတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၁)ထုတ်ပြန်သည်။

ကန့်ဒေါင့်ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး သူများပြားကြောင်း အောင်ဆန်းတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့(ဇန်နဝါရီ ၁၀) ညနေ ၃နာရီခွဲခန့်မှ စတင်ကာ ည၈နာရီခွဲခန့်အထိ ဝေဟင်မှ တိုက်ခိုက်ခြင်းနှင့် မြေပြင်လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ တရစပ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ကျွန်ုပ်တို့ မဟာမိတ်တပ်ဖွဲ့မှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ခွေးအများအပြား ထိခိုက်ကျဆုံး နိုင်ဖွယ်ရှိကြောင်း မြေပြင်မှ သတင်းပေးပို့လာပါသည်”ဟု အောင်ဆန်းတပ်ဖွဲ့က ဆိုသည်။

“ပုလဲက ဦးနှောက်ကျေးရွာကို စစ်ခွေးတွေက ရဟတ်ယာဥ်တွေနဲ့ ဝင်စီးနေတော့ ။ ကျွန်တော် တို့ ပူးပေါင်းတပ်က သူတို့ တပ်တွေရဲ့ အထိုင် နေရာဖြစ်တဲ့ ကန့်ဒေါင့်ရဲစခန်းကို ဝင်တိုက်တာ။ အနည်းဆုံး မျက်မြင် နှစ်ဦး သေတယ်” ဟု ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့က ကန့်ဒေါင့်ရဲစခန်းအားတိုက်ခိုက်မှုကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)၊ ပုံတောင်တိုက်ဂါးတပ်ဖွဲ့၊ PRA ၊ ပုဏ္ဏကတပ်ဖွဲ့၊ Pale Joker တပ်ဖွဲ့နှင့် အောင်ဆန်းတပ်ဖွဲ့တို့စုပေါင်းထားသော မဟာမိတ်တပ်ပေါင်းစုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပုလဲမြို့နယ် ဦးနှောက်ကျေးရွာတွင် ရဟတ်ယာဥ် ဖြင့် ဗိုလ်နဂါးကို လာရောက်ဖမ်းဆီးသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားဆဲဖြစ်ပြီး စစ်တပ်၏သတ်ဖြတ်ခံရသူအချို့ရှိကြောင်း ပုံတောင်တိုက်ဂါး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“စစ်ရေးက တော်တော် တင်းမာနေတယ်ပဲပြောရမယ်။ဗိုလ်နဂါးတော့ လွတ်သွားပေမယ့် ရွာခံ အချို့ကို ဖမ်းဆီးသတ်ဖြတ်အးမှုရှိနေတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ကြောင့် ယခုရက်ပိုင်းအတွင်း ပုလဲ-မင်းတိုင်ပင်-ကန့်ဒေါင့်လမ်းပိုင်း အား ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့တပ်ဖွဲ့များကမေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။