Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

“ကျွန်ုပ်တို့ မဟာမိတ်တပ်ဖွဲ့မှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ခွေးအများအပြား ထိခိုက်ကျဆုံး နိုင်ဖွယ်ရှိကြောင်း မြေပြင်မှ သတင်းပေးပို့လာပါသည်”ဟု အောင်ဆန်းတပ်ဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း အောင်ဆန်းတပ်ဖွဲ့ထုတ်ပြန်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းအား မြေပြင်အပြင် ဝေဟင်(ဒရုန်း)ဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း အောင်ဆန်းတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၁)ထုတ်ပြန်သည်။

ကန့်ဒေါင့်ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး သူများပြားကြောင်း အောင်ဆန်းတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့(ဇန်နဝါရီ ၁၀) ညနေ ၃နာရီခွဲခန့်မှ စတင်ကာ ည၈နာရီခွဲခန့်အထိ ဝေဟင်မှ တိုက်ခိုက်ခြင်းနှင့် မြေပြင်လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ တရစပ်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ကျွန်ုပ်တို့ မဟာမိတ်တပ်ဖွဲ့မှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ခွေးအများအပြား ထိခိုက်ကျဆုံး နိုင်ဖွယ်ရှိကြောင်း မြေပြင်မှ သတင်းပေးပို့လာပါသည်”ဟု အောင်ဆန်းတပ်ဖွဲ့က ဆိုသည်။

“ပုလဲက ဦးနှောက်ကျေးရွာကို စစ်ခွေးတွေက ရဟတ်ယာဥ်တွေနဲ့ ဝင်စီးနေတော့ ။ ကျွန်တော် တို့ ပူးပေါင်းတပ်က သူတို့ တပ်တွေရဲ့ အထိုင် နေရာဖြစ်တဲ့ ကန့်ဒေါင့်ရဲစခန်းကို ဝင်တိုက်တာ။ အနည်းဆုံး မျက်မြင် နှစ်ဦး သေတယ်” ဟု ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့က ကန့်ဒေါင့်ရဲစခန်းအားတိုက်ခိုက်မှုကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)၊ ပုံတောင်တိုက်ဂါးတပ်ဖွဲ့၊ PRA ၊ ပုဏ္ဏကတပ်ဖွဲ့၊ Pale Joker တပ်ဖွဲ့နှင့် အောင်ဆန်းတပ်ဖွဲ့တို့စုပေါင်းထားသော မဟာမိတ်တပ်ပေါင်းစုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပုလဲမြို့နယ် ဦးနှောက်ကျေးရွာတွင် ရဟတ်ယာဥ် ဖြင့် ဗိုလ်နဂါးကို လာရောက်ဖမ်းဆီးသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားဆဲဖြစ်ပြီး စစ်တပ်၏သတ်ဖြတ်ခံရသူအချို့ရှိကြောင်း ပုံတောင်တိုက်ဂါး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“စစ်ရေးက တော်တော် တင်းမာနေတယ်ပဲပြောရမယ်။ဗိုလ်နဂါးတော့ လွတ်သွားပေမယ့် ရွာခံ အချို့ကို ဖမ်းဆီးသတ်ဖြတ်အးမှုရှိနေတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ကြောင့် ယခုရက်ပိုင်းအတွင်း ပုလဲ-မင်းတိုင်ပင်-ကန့်ဒေါင့်လမ်းပိုင်း အား ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့တပ်ဖွဲ့များကမေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။