Connect with us

Hi, what are you looking for?

News

လွိုင်​ကော်မြို့ကို စစ်​ကောင်စီတပ် တိုက်​လေယာဥ်ဖြင့်တိုက်ခိုက်စဥ် စ​နေအသင်းဘုရား​ကျောင်းပြိုကျပြီး ပြည်သူများ ပိတ်မိ

“တိုက်လေယာဥ်နဲ့ ပစ်သွားတာ။ ဘရားကျောင်းထဲ လူတွေ ပိတ်မိနေတယ်”ဟု ပြောသည်။မြေပြင်တိုက်ပွဲတွင်စစ်ကောင်စီတပ်က အထိနာပြီးနောက် လေကြောင်းမှတစ်ဆင့် တိုက်ခိုက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

(တိုက်ပွဲ​​များကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောပြည်သူအချို့ )

လွိုင်ကော်မြို့ပေါ်အားအကြမ်းဖက်စစ်ကောင်စီက ယ​နေ့ည​နေတွင်တိုက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ရာ ဒေါဥခူရပ်ကွက်ရှိ စနေအသင်းဘုရားကျောင်းပြိုကျပြီးပြည်သူများပိတ်မိနေ ယကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီကလွိုင်ကော်မြို့ ဒေါအူခူနှင့် မိုင်းလုံးရပ်ကွက်ကို ယနေ့(ဇန်နဝါရီ ၁၁) ညနေ ၅ နာရီ မိနစ် ၄၀တွင် တိုက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်သည်။

နေအိမ်အချို့ မီးလောင်နေပြီး ဒေါဥခူရပ်ကွက်ရှိ စနေအသင်း ဘုရားကျောင်းပြိုကျနေသည်ဟု ယနေ့ည ၇ နာရီကျော်အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

“တိုက်လေယာဥ်နဲ့ ပစ်သွားတာ။ ဘရားကျောင်းထဲ လူတွေ ပိတ်မိနေတယ်”ဟု ပြောသည်။မြေပြင်တိုက်ပွဲတွင်စစ်ကောင်စီတပ်က အထိနာပြီးနောက် လေကြောင်းမှတစ်ဆင့် တိုက်ခိုက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီကို KNDF ၊KA၊ PDF စ​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက စု​ပေါင်းခုခံတိုက်ခိုက်​နေသည်။ ယ​နေ့ လွိုင်​ကော်တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ၂၀ သေဆုံးပြီး ၊ ၃ ဦးထွက်​ပြေးလာကာပြည်သူ့နှင့်ပူး​ပေါင်းခဲ့​ကြောင်း.KNDFကထုတ်ပြန်သည်။ KNDFတပ်ဖွဲ့ဝင်တစ်ဦး ပြည်သူများနှင့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံအတွက် စစ်​ကောင်စီတပ်ကိုတိုက်ပွဲဝင်ရင်းကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook