Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအားပေး Non-CDMများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု နောက်ဆုံးအကြိမ်သတိပေး

“သင်တို့သည် စစ်အာဏာရှင်လက်အောက်တွင် ပြည်သူ့ဆန္ဒအား မျက်ကွယ်ပြုလျက် မိမိတစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် စကစယန္တရားအား လည်ပတ်စေရန် ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း ကျွန်ုပ်တို့ စုံစမ်း သိရှိရသည်”ဟု KRF က ဆိုသည်။

(ဝန်ထမ်းများ CDM ပြုလုပ်ကြရန် နေပြည်တော်၌ ဆန္ဒပြတောင်းဆိုနေသည်ကို ၂၀၂၁ ဖေဖော်ဝါ ၁၄ရက်က တွေ့ရစဥ် ၊ ဓာတ်ပုံ - YAU)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီယန္တရားများလည်ပတ်အောင် အထောက်အကူပြုနေသော Non-CDM ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။

ထွေအုပ်၊ စည်ပင်၊ အခွန်၊ မြေစာရင်း၊ စီးပွားရေးဘဏ်၊ လဝက၊ စိုက်ဘဏ်၊ လျှပ်စစ်၊ တ ရားရုံး၊ ဥပဒေရုံးနှင့် အခြားစစ်ကောင်စီအားပေးကြသော အဖွဲ့အစည်းနှင့် ဌာနဆိုင်ရာအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သင်တို့သည် စစ်အာဏာရှင်လက်အောက်တွင် ပြည်သူ့ဆန္ဒအား မျက်ကွယ်ပြုလျက် မိမိတစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် စကစယန္တရားအား လည်ပတ်စေရန် ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း ကျွန်ုပ်တို့ စုံစမ်း သိရှိရသည်”ဟု KRF က ဆိုသည်။

စည်ပင်ဝန်ထမ်းများမှ အခွန်၊ မီတာခစသည် အတင်းအကြပ်ကောက်ခံခြင်း၊ ကျန်ဌာနဆိုင်ရာရုံးများသည်လည်း စစ်ကောင်စီအလိုကျ ဆောင်ရွက်လုပ်ကိုင်နေသည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်သောက ဖြစ်နေရသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ဟိုးအရင်ကတည်းက အဲလိုအ တင်းအကြပ်ကောက်ခံတာတွေ ဆက်မလုပ် ဆောင်ဖို့ကိုလည်း သတိပေးပြီးသားပါ။ သူတို့က ခုနောကိပိုင်း ပိုဆိုးလာတယ် အခွန်ကိုတိုးကောက်တာတို့ ကျေးရွာတွေကို မီးဖြတ်ပြီး မီတာလာဆောင်မှ မီးပေးမယ်လို့ အတင်းအကြပ်ထပ်လုပ်ဆောင်လာလို့ပါ”ဟု KRF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားသော အထက်ပါရုံးဌာနများသို့ သွားလာခြင်း၊ Non-CDM ဝန်ထမ်းများနှင့် ဆက်ဆံခြင်းများကို အထူးရှောင်ရှားကြရန်နှင့် လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း KRF က အသိပေးတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။