Connect with us

Hi, what are you looking for?

LuduNwayOo

News

CDM များ၏လှုပ်ရှားမှုကို ဖော်ထုတ်နေသော Non-CDMများ၏လုပ်ရပ်များ ရပ်တန်းကရပ်ရန် မုံရွာညီနောင်မဟာမိတ်(၉)ဖွဲ့သတိပေး

အထက်ပါသတိပေးတားမြစ်ချက်ကို Monywa NightKing၊Monywa Heroer Group၊ မုံရွာသံမဏိတပ်ဖွဲ့၊PDF-South Monywa၊Monywa The Boys၊ACF Monywa၊Red Code Revolutionary၊Monywa Phoenix Warrior နှင့် Monywa Ninjaတို့မှ ပူးပေါင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်တွင် လုပ်ကိုင်လိုခြင်းမရှိသည့် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)များ၏ လှုပ်ရှားမှုများကို လိုက်လံဖော် ထုတ်နေသောလုပ်ရပ်များကို ရပ်တန်းကရပ်ရန် Non-CDM များအား မုံရွာအခြေစိုက် တော်လှန်ရေးညီနောင်မဟာမိတ်(၉)ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၃)ထုတ်ပြန် သတိပေးလိုက်သည်။

CDM လှုပ်ရှားမှုတွင်ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှ ပြည်သူတို့၏ လုံခြုံရေးကို Non-CDMများက စစ်တပ်ထံသတင်းပေးခြင်း၊ CDM ဆက်မလုပ်ဘဲ အာဏာသိမ်းစစ်တပ်အောက် အလုပ်ပြန်လုပ်ကြရန် နည်းအမျိုးမျိုးဖြင့် ဖိအားပေးနေခြင်းစသည့် Non-CDM များ၏လုပ်ရပ်ကို ရပ်တန်းကမရပ်ဘဲ ဆက် လက်ပြုလုပ်နေပါက ပေးသင့်ပေးထိုက်သောပြစ်ဒဏ်များ ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် တော်လှန်ရေးကာလအစောပိုင်းကနေ ယနေ့အချိန်ထိ CDM ဝန်ထမ်းများအား ဖမ်းဆီးခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ အမှုဖွင့်အရေးယူခြင်း၊ ခြိမ်း ခြောက်သတိပေးခြင်း စသည့်လုပ်ရပ်များကို Non-CDMများနှင့် ၎င်း၏လက်ပါးစေများထံမှတဆင့်အချက်လက်စုစောင်းခြင်းများပြုလုပ်ကာ ကျူးလွန်နေ ခြင်းဖြစ်သည်။

“CDM မလုပ်နိုင်တဲ့သူတွေနဲ့ အရမ်းကြီးအပြစ်ပြောဖို့ မလုပ်ချင်ပေမယ့် ကျွန်တော်တို့လို CDM သမားတွေကို အန္တရာယ်ဖြစ်အောင် မလုပ်သင့်ဘူးလို့ပဲပြောချင်တယ်။ အခုလိုမျိုး ပြည်သူ့ကာကွယ်ရေးတပ်တွေက အခုလိုမျိုး ကြေညာတဲ့အဆင့်အထိရောက်အောင် သတိပေးခံရတာမျိုးက သူတို့မဖြစ်သင့်ပါဘူး”ဟု အစိုးရဌာနဆိုင်ရာ တစ်ခုမှ CDM ပြုလုပ်ထားသူ အမျိုးသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါသတိပေးတားမြစ်ချက်ကို Monywa NightKing၊Monywa Heroer Group၊ မုံရွာသံမဏိတပ်ဖွဲ့၊PDF-South Monywa၊Monywa The Boys၊ACF Monywa၊Red Code Revolutionary၊Monywa Phoenix Warrior နှင့် Monywa Ninjaတို့မှ ပူးပေါင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။