Connect with us

Hi, what are you looking for?

News

CDM များ၏လှုပ်ရှားမှုကို ဖော်ထုတ်နေသော Non-CDMများ၏လုပ်ရပ်များ ရပ်တန်းကရပ်ရန် မုံရွာညီနောင်မဟာမိတ်(၉)ဖွဲ့သတိပေး

အထက်ပါသတိပေးတားမြစ်ချက်ကို Monywa NightKing၊Monywa Heroer Group၊ မုံရွာသံမဏိတပ်ဖွဲ့၊PDF-South Monywa၊Monywa The Boys၊ACF Monywa၊Red Code Revolutionary၊Monywa Phoenix Warrior နှင့် Monywa Ninjaတို့မှ ပူးပေါင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်တွင် လုပ်ကိုင်လိုခြင်းမရှိသည့် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)များ၏ လှုပ်ရှားမှုများကို လိုက်လံဖော် ထုတ်နေသောလုပ်ရပ်များကို ရပ်တန်းကရပ်ရန် Non-CDM များအား မုံရွာအခြေစိုက် တော်လှန်ရေးညီနောင်မဟာမိတ်(၉)ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၃)ထုတ်ပြန် သတိပေးလိုက်သည်။

CDM လှုပ်ရှားမှုတွင်ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှ ပြည်သူတို့၏ လုံခြုံရေးကို Non-CDMများက စစ်တပ်ထံသတင်းပေးခြင်း၊ CDM ဆက်မလုပ်ဘဲ အာဏာသိမ်းစစ်တပ်အောက် အလုပ်ပြန်လုပ်ကြရန် နည်းအမျိုးမျိုးဖြင့် ဖိအားပေးနေခြင်းစသည့် Non-CDM များ၏လုပ်ရပ်ကို ရပ်တန်းကမရပ်ဘဲ ဆက် လက်ပြုလုပ်နေပါက ပေးသင့်ပေးထိုက်သောပြစ်ဒဏ်များ ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် တော်လှန်ရေးကာလအစောပိုင်းကနေ ယနေ့အချိန်ထိ CDM ဝန်ထမ်းများအား ဖမ်းဆီးခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ အမှုဖွင့်အရေးယူခြင်း၊ ခြိမ်း ခြောက်သတိပေးခြင်း စသည့်လုပ်ရပ်များကို Non-CDMများနှင့် ၎င်း၏လက်ပါးစေများထံမှတဆင့်အချက်လက်စုစောင်းခြင်းများပြုလုပ်ကာ ကျူးလွန်နေ ခြင်းဖြစ်သည်။

“CDM မလုပ်နိုင်တဲ့သူတွေနဲ့ အရမ်းကြီးအပြစ်ပြောဖို့ မလုပ်ချင်ပေမယ့် ကျွန်တော်တို့လို CDM သမားတွေကို အန္တရာယ်ဖြစ်အောင် မလုပ်သင့်ဘူးလို့ပဲပြောချင်တယ်။ အခုလိုမျိုး ပြည်သူ့ကာကွယ်ရေးတပ်တွေက အခုလိုမျိုး ကြေညာတဲ့အဆင့်အထိရောက်အောင် သတိပေးခံရတာမျိုးက သူတို့မဖြစ်သင့်ပါဘူး”ဟု အစိုးရဌာနဆိုင်ရာ တစ်ခုမှ CDM ပြုလုပ်ထားသူ အမျိုးသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါသတိပေးတားမြစ်ချက်ကို Monywa NightKing၊Monywa Heroer Group၊ မုံရွာသံမဏိတပ်ဖွဲ့၊PDF-South Monywa၊Monywa The Boys၊ACF Monywa၊Red Code Revolutionary၊Monywa Phoenix Warrior နှင့် Monywa Ninjaတို့မှ ပူးပေါင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။