Connect with us

Hi, what are you looking for?

LuduNwayOo

News

DKBAတပ်စခန်းတစ်ခုကို စစ်ကောင်စီ ဝင်တိုက်၊ ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက် ၍ စစ်ကောင်စီတပ် ထိခိုက်မှုများဟုဆို

“ဒီဘက်က KNLAကို စားနပ်ရိက္ခာတွေ ဖြတ်တောက်ဖို့ သူတို့နေရာယူတာထင်ပါတယ်။ အခုအချိန်ထိတော့ သူတို့ ကျူးကျော်လာတဲ့ ထိုးစစ်ဆင်လာတဲ့ စကစတွေ အကျအဆုံးတွေအများကြီးနဲ့ သူတို့ ပြန်ဆုတ်ရတာပဲရှိပါ တယ်”ဟု PDFစခန်း တာဝန်ရှိသူက ပြောသည်။

(ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ UNITY IDP Camp သို့ DKBA ဗျူဟာလက်အောက်ခံ အထူးစစ်ကြောင်းမှ ဗိုလ်မှူးစောစလုံးနှင့် ဇနီးတို့က ထမင်းဘူး ၅၀၀အား ဝေငှနေသည်ကို ၂၀၂၁ ဒီဇင်ဘာလ ၂၂ ရက်က တွေ့ရစဥ်)

ကရင်ပြည်နယ် ဖလူးဒေသရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) တပ်စခန်းတစ်ခုကို စစ်ကောင်စီ တပ်က ယမန်နေ့ ညနေနှင့် ယနေ့(ဇန်နဝါရီ ၁၃)နံနက်ပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ ကြောင်း အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)စခန်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လေးကေ့ကော်ဒေသ တိုက်ပွဲပြင်းထန်စဉ် စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးခဲ့သည့် DKBA မှ ဗိုလ်စောစလုံး၏တပ်စခန်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ စစ်ဘေးရှောင်များလည်း ထိုင်းဘက်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်သွားရသည်ဟု ဆိုသည်။

(ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ UNITY IDP Camp သို့ DKBA ဗျူဟာလက်အောက်ခံ အထူးစစ်ကြောင်းမှ ဗိုလ်မှူးစောစလုံးနှင့် ဇနီးတို့က ထမင်းဘူး ၅၀၀အား ဝေငှနေသည်ကို ၂၀၂၁ ဒီဇင်ဘာလ ၂၂ ရက်က တွေ့ရစဥ်)

“ဒီဘက်က KNLAကို စားနပ်ရိက္ခာတွေ ဖြတ်တောက်ဖို့ သူတို့နေရာယူတာထင်ပါတယ်။ အခုအချိန်ထိတော့ သူတို့ ကျူးကျော်လာတဲ့ ထိုးစစ်ဆင်လာတဲ့ စကစတွေ အကျအဆုံးတွေအများကြီးနဲ့ သူတို့ ပြန်ဆုတ်ရတာပဲရှိပါ တယ်”ဟု PDFစခန်း တာဝန်ရှိသူက ပြောသည်။

Public Service Announcement

အဆိုပါ တိုက်ခိုက်မှု မပြုလုပ်မီက ဗိုလ်စလုံးစခန်းသို့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြား စောင့်တပ်ဖွဲ့ (BGF)မှ တပ်ရင်းမှူး ဗိုလ်မုတ်သုန် နှင့် ဗိုလ်မှူးစောသန်းအောင်တို့ လာရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

DKBAသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သကဲ့သို့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခြင်း မပြုဘဲ ပြေလည်မှုရှိသည့် အဖွဲ့ဖြစ်သည်။

(ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ UNITY IDP Camp သို့ DKBA ဗျူဟာလက်အောက်ခံ အထူးစစ်ကြောင်းမှ ဗိုလ်မှူးစောစလုံးနှင့် ဇနီးတို့က ထမင်းဘူး ၅၀၀အား ဝေငှနေသည်ကို ၂၀၂၁ ဒီဇင်ဘာလ ၂၂ ရက်က တွေ့ရစဥ်)

DKBA တပ်စခန်းတစ်ခု တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ယင်းအဖွဲ့၏ အရာရှိတစ်ဦးထံ သဘောထား မှတ်ချက် မေးမြန်းရာ စစ်ဌာနချုပ်တာဝန်ရှိသူထံ ဆက်သွယ်ရန် လမ်းညွှန်သည်။ထို့ကြောင့် DKBA စစ်ဌာနချုပ် တာဝန်ရှိသူထံ ဆက်သွယ်ရာအဆက်အသွယ်မရပေ။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။