Connect with us

Hi, what are you looking for?

News

DKBAတပ်စခန်းတစ်ခုကို စစ်ကောင်စီ ဝင်တိုက်၊ ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက် ၍ စစ်ကောင်စီတပ် ထိခိုက်မှုများဟုဆို

“ဒီဘက်က KNLAကို စားနပ်ရိက္ခာတွေ ဖြတ်တောက်ဖို့ သူတို့နေရာယူတာထင်ပါတယ်။ အခုအချိန်ထိတော့ သူတို့ ကျူးကျော်လာတဲ့ ထိုးစစ်ဆင်လာတဲ့ စကစတွေ အကျအဆုံးတွေအများကြီးနဲ့ သူတို့ ပြန်ဆုတ်ရတာပဲရှိပါ တယ်”ဟု PDFစခန်း တာဝန်ရှိသူက ပြောသည်။

(ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ UNITY IDP Camp သို့ DKBA ဗျူဟာလက်အောက်ခံ အထူးစစ်ကြောင်းမှ ဗိုလ်မှူးစောစလုံးနှင့် ဇနီးတို့က ထမင်းဘူး ၅၀၀အား ဝေငှနေသည်ကို ၂၀၂၁ ဒီဇင်ဘာလ ၂၂ ရက်က တွေ့ရစဥ်)

ကရင်ပြည်နယ် ဖလူးဒေသရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) တပ်စခန်းတစ်ခုကို စစ်ကောင်စီ တပ်က ယမန်နေ့ ညနေနှင့် ယနေ့(ဇန်နဝါရီ ၁၃)နံနက်ပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ ကြောင်း အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)စခန်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လေးကေ့ကော်ဒေသ တိုက်ပွဲပြင်းထန်စဉ် စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးခဲ့သည့် DKBA မှ ဗိုလ်စောစလုံး၏တပ်စခန်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ စစ်ဘေးရှောင်များလည်း ထိုင်းဘက်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်သွားရသည်ဟု ဆိုသည်။

(ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ UNITY IDP Camp သို့ DKBA ဗျူဟာလက်အောက်ခံ အထူးစစ်ကြောင်းမှ ဗိုလ်မှူးစောစလုံးနှင့် ဇနီးတို့က ထမင်းဘူး ၅၀၀အား ဝေငှနေသည်ကို ၂၀၂၁ ဒီဇင်ဘာလ ၂၂ ရက်က တွေ့ရစဥ်)

“ဒီဘက်က KNLAကို စားနပ်ရိက္ခာတွေ ဖြတ်တောက်ဖို့ သူတို့နေရာယူတာထင်ပါတယ်။ အခုအချိန်ထိတော့ သူတို့ ကျူးကျော်လာတဲ့ ထိုးစစ်ဆင်လာတဲ့ စကစတွေ အကျအဆုံးတွေအများကြီးနဲ့ သူတို့ ပြန်ဆုတ်ရတာပဲရှိပါ တယ်”ဟု PDFစခန်း တာဝန်ရှိသူက ပြောသည်။

Public Service Announcement

အဆိုပါ တိုက်ခိုက်မှု မပြုလုပ်မီက ဗိုလ်စလုံးစခန်းသို့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြား စောင့်တပ်ဖွဲ့ (BGF)မှ တပ်ရင်းမှူး ဗိုလ်မုတ်သုန် နှင့် ဗိုလ်မှူးစောသန်းအောင်တို့ လာရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

DKBAသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သကဲ့သို့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခြင်း မပြုဘဲ ပြေလည်မှုရှိသည့် အဖွဲ့ဖြစ်သည်။

(ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ UNITY IDP Camp သို့ DKBA ဗျူဟာလက်အောက်ခံ အထူးစစ်ကြောင်းမှ ဗိုလ်မှူးစောစလုံးနှင့် ဇနီးတို့က ထမင်းဘူး ၅၀၀အား ဝေငှနေသည်ကို ၂၀၂၁ ဒီဇင်ဘာလ ၂၂ ရက်က တွေ့ရစဥ်)

DKBA တပ်စခန်းတစ်ခု တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ယင်းအဖွဲ့၏ အရာရှိတစ်ဦးထံ သဘောထား မှတ်ချက် မေးမြန်းရာ စစ်ဌာနချုပ်တာဝန်ရှိသူထံ ဆက်သွယ်ရန် လမ်းညွှန်သည်။ထို့ကြောင့် DKBA စစ်ဌာနချုပ် တာဝန်ရှိသူထံ ဆက်သွယ်ရာအဆက်အသွယ်မရပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။