Connect with us

Hi, what are you looking for?

News

လွိုင်ကော်၌ တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှုရှိနိုင်ဟု KNDF ထုတ်ပြန်

လွိုင်ကော်မြို့ ရွာတန်းရှည်နှင့် မိုင်းလုံးရပ်ကွက်တွင် ယခင်ရက်တိုက်ပွဲများအတွင်း သေဆုံးခဲ့ပြီး ကောက်ယူ သဂြိုလ်မည့်သူမရှိသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကို KNDF နှင့် ပူးပေါင်းတပ်များမှ လူ့ဂုဏ်သိက္ခာနှင့်အညီ မီးရှို့သင်ဂြိုလ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

-ယခင်တိုက်ပွဲများတွင်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများ​ကောက်သူမရှိ၍မီးရှို့သင်္ဂြိုလ်ပေးရပြန်

ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ကရင်နီဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ဇန်နဝါရီ၁၃ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းမဟာမိတ်တပ်ဖွဲများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

လွိုင်ကော်မြို့ ရွာတန်းရှည်နှင့် မိုင်းလုံးရပ်ကွက်တွင် ယခင်ရက်တိုက်ပွဲများအတွင်း သေဆုံးခဲ့ပြီး ကောက်ယူ သဂြိုလ်မည့်သူမရှိသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကို KNDF နှင့် ပူးပေါင်းတပ်များမှ လူ့ဂုဏ်သိက္ခာနှင့်အညီ မီးရှို့သင်ဂြိုလ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဇန်နဝါရီ၁၁ရက်က ဘော်လခဲမြို့နှင့် နန်းဖဲကျေးရွာအကြားရှိ စစ်ကောင်စီ၏မက်စလောင်တောင်စခန်းကို ကရင်နီတပ်မတော် (KA) နှင့် KNDF တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲသည် ၄၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း KNDFက ထုတ်ပြန်သည်။

ဓာတ်ပုံ – KNDF

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook