Connect with us

Hi, what are you looking for?

LuduNwayOo

News

နတ်မ​တောင်သဘာဝကြိုးဝိုင်းကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး​နေ

မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောရေး ဆိုခွင့်ရှိသူယောမာန်က “ကျနော်တို့တန်ဖိုးထား ကြိုးစားထိန်းသိမ်းရမဲ့ သဘာဝရှေးဦးသစ်တောတွေ ဘာမှမသိနားမလည်တဲ့ စကစတွေ လက်သရမ်းလို့ ပျက်စီး‌နေပါတယ်”ဟု သူ၏​ဖေ့စ်ဘွတ်ခ်တွင်​ ရေးသားထားသည်။

ခေါနူစုမ်(နတ်မ​တောင်) သဘာဝကြိုးဝိုင်းဧရိယာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ၍ သဘာဝသစ်တောများ အကြီးအကျယ် ပျက်စီးနေစေ​ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မင်းတပ်အား စစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ရှေ့ပြေးစစ်​ကောင်စီတပ်သား ၃၀ ခန့်ဖြင့် ခေါနူစုမ် သဘာဝကြိုးဝိုင်းဧရိယာအတွင်းလမ်းတစ်လျှောက်ရှိ တောများ၊ မြက်ခင်းများ၊ သစ်ပင်များကို လက်လွတ်စပယ် မီးရှို့​နေကြပြီး မီးရှို့ခဲ့၍ သဘာဝသစ်တောများ အကြီးအကျယ်ပျက်စီးစေသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၏ ယ​နေ့ (ဇန်နဝါရီ ၁၄ရက်)ထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောရေး ဆိုခွင့်ရှိသူယောမာန်က “ကျနော်တို့တန်ဖိုးထား ကြိုးစားထိန်းသိမ်းရမဲ့ သဘာဝရှေးဦးသစ်တောတွေ ဘာမှမသိနားမလည်တဲ့ စကစတွေ လက်သရမ်းလို့ ပျက်စီး‌နေပါတယ်”ဟု သူ၏​ဖေ့စ်ဘွတ်ခ်တွင်​ ရေးသားထားသည်။

နတ်မတောင်ဟုဘူသိများသော ခေါနူစုမ်သည်ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်၊ မတူပီနှင့်ကန်ပက်လက်မြို့နယ်အတွင်း ဆက်စပ် တည်ရှိသည်။ သဘာဝသစ်တောများနှင့် တောရိုင်းတိရိစ္ဆာန် အများအပြားရှိနေခြင်း ကြောင့်နိုင်ငံတကာခရီးသွားများနှင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ စိတ်ဝင်စားကြသည့် ဒေသဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မင်းတပ်၊ မတူပီနှင့်ကန်ပက်လက်အဆိုပါသုံးမြို့နယ်စလုံးတွင် အကြမ်းဖက်စစ်ကောင်စီအား ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အတွင်းသစ်ပင်များခုတ်လှဲခြင်း၊ သစ်တောထွက် ပစ္စည်းများကို တရားမဝင် ရှာဖွေစုဆောင်းခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် ယခုကဲ့သို့တားမြစ်ရခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာ ၂၁ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

သတင်း

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People's Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။