Connect with us

Hi, what are you looking for?

News

နယ်စပ်ကို ထွက်ပြေးလာသည့် လူငယ်နှင့်လူလတ်ပိုင်းများကို ကူညီပေးမည်မဟုတ်ဟု CDF(Mara) ထုတ်ပြန်

ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်များကြောင့် တိုက်ပွဲများပြင်းထန်လာပြီး စစ်ဘေးရှောင်များတိုးပွားလာ​နေသည်။ စစ်ဘေးရှောင်များကို နယ်စပ်တစ်လျောက်ရှိ Maraလူမျိုးများနှင့် CDF(Mara)က ကူညီပေးနေရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(CDF-Mara ရဲ​ဘော်များကို ​တွေ့ရစဥ်)

နယ်စပ်ကို ထွက်ပြေးလာသည့် လူငယ်နှင့်လူလတ်ပိုင်များကို ကူညီပေးမည်မဟုတ်ကြောင်း ချင်းပြည်ကာ ကွယ်ရေးတပ်ဖွဲ့- CDF(Mara)က ယနေ့ (ဒီဇင်ဘာ၁၅) ထုတ်ပြန်လိုက်သည်။

ယခုချိန်တွင် ချင်းလူငယ်များသည် မိမိတို့ရပ်ရွာကို ကာကွယ်ရမည့် အချိန်ဖြစ်သော်လည်း စစ်ဘေးရှောင်များနှင့် ရောနှော၍ နယ်စပ်ကို ထွက်ပြေးလာခြင်းကြောင့်ဖြစ်သည်ဟု CDF(Mara)က ဆိုသည်။

Public Service Announcement

ထိုသို့ ထွက်ပြေးသူများသည်လည်း CDF(Mara) နယ်မြေများကို ဖြတ်သန်းခွင့်ပေးမည်မဟုတ်ကြောင်းနှင့် ၎င်းတို့အဖွဲ့ကို ကြိုတင်အကြောင်းကြားထားခြင်းမရှိသည့် မည်သည့် ဖြတ်သန်းမှုများမဆိုတားဆီးသွားမည်ဟု ​ဖော်ပြထားသည်။

ကြိုတင်အကြောင်းထားပြီး အရေးပေါ်ကိစ္စမှအပ နံနက် ၇နာရီမှ ညနေ ၇ နာရီအတွင်းဖြတ်သန်းသွားရမည်ဟုလည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ဆေးမှုများကိုလည်း ပူးပေါင်းဆောင် ရွက်ပေးရန်နှင့် မလိုက်နာပါ အရေးယူသွားမည်ဟု ဆိုသည်။

ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်များကြောင့် တိုက်ပွဲများပြင်းထန်လာပြီး စစ်ဘေးရှောင်များတိုးပွားလာ​နေသည်။ စစ်ဘေးရှောင်များကို နယ်စပ်တစ်လျောက်ရှိ Maraလူမျိုးများနှင့် CDF(Mara)က ကူညီပေးနေရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

နိုင်ငံတကာ

လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။