Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာနှင့် မြို့လှ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေ

စစ်ကောင်စီတပ်ဘက်ကလည်း အချိန်အတော်ကြာသည်အထိ ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ကသာ PDF ၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပ-က-ဖ) တို့ ပူးပေါင်း၍ တပ်မ(၈၈) လက်အောက်ခံ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးခဲ့သည်ဟု Katha. Revolution-IR က ဖော်ပြသည်။

ယနေ့(ဇန်နဝါရီ ၁၆)မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့နယ် သံပုကုန်းရွာတွင် တပ်စွဲထားသော တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်များသည် ရွှေကူမြို့မှ စုန်ဆင်းလာသော သင်္ဘောနှစ်စီး အားလုံခြုံရေးယူပြီး ရှေ့ကင်းထိုး၍ မိုးတားလေးကျေးရွာရှိ စစ်ကောင်စီတပ်များနှင့် ပူးပေါင်းချိန် မိုင်း (၆)လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

“မိုးတားအောက်ဘက်မှာသူတို့ ရေယာဉ်နှစ်စီး မထွက်ခင်ကတည်းက စကစတွေ ထွက်သွားရင် သံပုရာကုန်းမှာ တပ်စွဲထားတဲ့တပ်တွေနဲ့ မိုးတားမှာတပ်စွဲထားတဲ့ကောင်တွေ ကူးလူးကြမယ်ဆိုတာ ကျွန်တော်တို့သေချာပေါက်သိလို့ စောင့်နေတာ ၁၅ရက်လောက်ပြီ။ ဒီနေ့ဒီချိန်ကတော့ ကျွန်တော်တို့ ဆင်ထားတဲ့ မိုင်းကွင်းထဲကို တည့်တည့်ကြီးဝင်လာကြတာဆိုတော့ အခါကောင်းကိုမိလိုက်တာပါ” ဟု ပ.က.ဖ တပ်ခွဲမှူး ဗိုလ်ကံ၏ ပြောကြားချက်ကို Katha. Revolution-IR က ဖော်ပြသည်။

စစ်ကောင်စီတပ်ဘက်ကလည်း အချိန်အတော်ကြာသည်အထိ ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း ရွှေကူမှ ကသာဘက်သို့လာသည့် စစ်သင်္ဘောနှစ်စီးအား စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်များအား ကျောင်းသားတပ်ဖွဲ့(ABSDF)နှင့် ကသာ ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ကြောင်း Katha. Revolution-IR က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။