Connect with us

Hi, what are you looking for?

News

ကသာနှင့် မြို့လှ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေ

စစ်ကောင်စီတပ်ဘက်ကလည်း အချိန်အတော်ကြာသည်အထိ ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ကသာ PDF ၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပ-က-ဖ) တို့ ပူးပေါင်း၍ တပ်မ(၈၈) လက်အောက်ခံ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးခဲ့သည်ဟု Katha. Revolution-IR က ဖော်ပြသည်။

ယနေ့(ဇန်နဝါရီ ၁၆)မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့နယ် သံပုကုန်းရွာတွင် တပ်စွဲထားသော တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်များသည် ရွှေကူမြို့မှ စုန်ဆင်းလာသော သင်္ဘောနှစ်စီး အားလုံခြုံရေးယူပြီး ရှေ့ကင်းထိုး၍ မိုးတားလေးကျေးရွာရှိ စစ်ကောင်စီတပ်များနှင့် ပူးပေါင်းချိန် မိုင်း (၆)လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

“မိုးတားအောက်ဘက်မှာသူတို့ ရေယာဉ်နှစ်စီး မထွက်ခင်ကတည်းက စကစတွေ ထွက်သွားရင် သံပုရာကုန်းမှာ တပ်စွဲထားတဲ့တပ်တွေနဲ့ မိုးတားမှာတပ်စွဲထားတဲ့ကောင်တွေ ကူးလူးကြမယ်ဆိုတာ ကျွန်တော်တို့သေချာပေါက်သိလို့ စောင့်နေတာ ၁၅ရက်လောက်ပြီ။ ဒီနေ့ဒီချိန်ကတော့ ကျွန်တော်တို့ ဆင်ထားတဲ့ မိုင်းကွင်းထဲကို တည့်တည့်ကြီးဝင်လာကြတာဆိုတော့ အခါကောင်းကိုမိလိုက်တာပါ” ဟု ပ.က.ဖ တပ်ခွဲမှူး ဗိုလ်ကံ၏ ပြောကြားချက်ကို Katha. Revolution-IR က ဖော်ပြသည်။

စစ်ကောင်စီတပ်ဘက်ကလည်း အချိန်အတော်ကြာသည်အထိ ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း ရွှေကူမှ ကသာဘက်သို့လာသည့် စစ်သင်္ဘောနှစ်စီးအား စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်များအား ကျောင်းသားတပ်ဖွဲ့(ABSDF)နှင့် ကသာ ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ကြောင်း Katha. Revolution-IR က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။