Connect with us

Hi, what are you looking for?

News

လွိုင်​ကော်နှင့် ဒီး​မော့ဆိုတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ ဒေသခံအချို့ သေဆုံး

တိုက်ပွဲမှာ ၃နာရီကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အမြောက်အများသေဆုံးကာထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်း၊ ညနေပိုင်းတွင် တိုက်လေယာဥ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ကရင်နီဒေသတော်လှန်ရေးတပ် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ လွိုင်ကော်မြို့ မိုင်းလုံး ရပ်ကွက် ၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အများအပြား သေဆုံးထိခိုက်ခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO-PDF)က ထုတ်ပြန်သည်။

မိုင်းလုံးနှစ်ခြင်းဘုရားကျောင်းအနီး စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၁၀၀ခန့်ကို DMO-PDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)တပ်များ ပူးပေါင်း၍ ဇန်နဝါရီ ၁၆ရက် နံနက်တွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ၃နာရီကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အမြောက်အများသေဆုံးကာထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်း၊ ညနေပိုင်းတွင် တိုက်လေယာဥ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ မြို့မကယန်းရပ်ကွက်ကိုလည်း ယနေ့ညနေပိုင်းက တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူအချို့ထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံထံမှသိရကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယနေ့ လွိုင်ကော်တိုက်ပွဲတွင် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook