Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၀ခန့်သေနိုင်ဟု KNDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများပြားသည့်အတွက် လေကြောင်းပစ်ကူဖြင့် ညနေ၅နာရီခွဲ ခန့်တွင် တိုက်ပွဲဖြစ်ပွားရာ မိုင်းလုံးရပ်ကွက်သို့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာတွင် လေကြောင်းဖြင့်တိုက်ခိုက်သဖြင့် ပရဟိတလူငယ် သုံးဦးကျဆုံး

ကရင်နီပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံးနှင့် (၁၁) ထပ်ဟိုတယ်အနီးတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၀ခန့် သေဆုံးနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)က ယနေ့ညတွင် ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ၁၆)နံနက် ၉နာရီမှ စ၍ ညနေ ၅နာရီ၄၅ မိနစ် စုစုပေါင်း၉နာရီခန့်ကြာအထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲများခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထပ်မြင့်အဆောက်အဦးနှင့် နည်းပညာတက္ကသိုလ်တို့ကို အကာအကွယ်ယူပြီး ထိုးစစ်တိုက်ခိုက်လာသဖြင့် PDF ပူးပေါင်းတပ်များနှင့်အတူ KNDFတို့မှ ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများပြားသည့်အတွက် လေကြောင်းပစ်ကူဖြင့် ညနေ၅နာရီခွဲ ခန့်တွင် တိုက်ပွဲဖြစ်ပွားရာ မိုင်းလုံးရပ်ကွက်သို့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ညနေ ၅နာရီခွဲတွင်လည်း ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် လာရောက်တိုက်ခိုက်သဖြင့် ပရဟိတလူငယ် သုံးဦး ကျဆုံးခဲ့ရကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နန်းဖယ်ခုံ ကျေးရွာအား လေကြောင်းတိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းပင်ဖြစ်သည်ဟု KNDFက ထုတ်ပြန်သည်။

ထို့အပြင် နေ့လယ်၂နာရီခန့်တွင်လည်း ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာ ခြေကုပ်စခန်းမှ ရေးခပ်ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို KNDF တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook