Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၀ခန့်သေနိုင်ဟု KNDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများပြားသည့်အတွက် လေကြောင်းပစ်ကူဖြင့် ညနေ၅နာရီခွဲ ခန့်တွင် တိုက်ပွဲဖြစ်ပွားရာ မိုင်းလုံးရပ်ကွက်သို့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာတွင် လေကြောင်းဖြင့်တိုက်ခိုက်သဖြင့် ပရဟိတလူငယ် သုံးဦးကျဆုံး

ကရင်နီပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံးနှင့် (၁၁) ထပ်ဟိုတယ်အနီးတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၀ခန့် သေဆုံးနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)က ယနေ့ညတွင် ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ၁၆)နံနက် ၉နာရီမှ စ၍ ညနေ ၅နာရီ၄၅ မိနစ် စုစုပေါင်း၉နာရီခန့်ကြာအထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲများခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထပ်မြင့်အဆောက်အဦးနှင့် နည်းပညာတက္ကသိုလ်တို့ကို အကာအကွယ်ယူပြီး ထိုးစစ်တိုက်ခိုက်လာသဖြင့် PDF ပူးပေါင်းတပ်များနှင့်အတူ KNDFတို့မှ ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများပြားသည့်အတွက် လေကြောင်းပစ်ကူဖြင့် ညနေ၅နာရီခွဲ ခန့်တွင် တိုက်ပွဲဖြစ်ပွားရာ မိုင်းလုံးရပ်ကွက်သို့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ညနေ ၅နာရီခွဲတွင်လည်း ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် လာရောက်တိုက်ခိုက်သဖြင့် ပရဟိတလူငယ် သုံးဦး ကျဆုံးခဲ့ရကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နန်းဖယ်ခုံ ကျေးရွာအား လေကြောင်းတိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းပင်ဖြစ်သည်ဟု KNDFက ထုတ်ပြန်သည်။

ထို့အပြင် နေ့လယ်၂နာရီခန့်တွင်လည်း ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာ ခြေကုပ်စခန်းမှ ရေးခပ်ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို KNDF တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။